Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မလေးရှား ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ရာထူးက နုတ်ထွက်

မူယစ်ဒင်ဟာ ဝန်ကြီးချုပ်သစ် မတင်မြှောက်နိုင်သေးခင် ကာလအတောအတွင်း ယာယီ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမယ်လို့ နန်းတော်က ကြေညာပါတယ်။ မူယစ်ဒင်ဟာ ၂၀၂၀ ပြည့်နှစ်၊ မတ်လမှာ ဝန်ကြီးချုပ် ဖြစ်လာခဲ့သူပါ။

မလေးရှား ဝန်ကြီးချုပ် မူယစ်ဒင် ယာဆင်နဲ့ အစိုးရ အဖွဲ့ တစ်ခုလုံး ရာထူးက နုတ်ထွက်သွားကြောင်း သိရပါတယ်။

မူယစ်ဒင်နဲ့ အစိုးရ အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ နုတ်ထွက်စာတွေကို ဩဂုတ် ၁၆ ရက်က မလေးရှား ဘုရင်ဆီ လာရောက် ပေးအပ်ခဲ့ကြောင်း နန်းတော်က အတည်ပြုခဲ့ပါတယ်။ မလေးရှားဟာ Covid-19 ရောဂါ ကူးစက်မှုတွေ မြင့်တက်လာတာ၊ စီးပွားရေး ကျဆင်းလာတာတွေ အပါအဝင် ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။

မူယစ်ဒင်ဟာ ဝန်ကြီးချုပ်သစ် မတင်မြှောက်နိုင်သေးခင် ကာလအတောအတွင်း ယာယီ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမယ်လို့ နန်းတော်က ကြေညာပါတယ်။ မူယစ်ဒင်ဟာ ၂၀၂၀ ပြည့်နှစ်၊ မတ်လမှာ ဝန်ကြီးချုပ် ဖြစ်လာခဲ့သူပါ။ အသက် ၇၄ နှစ်အရွယ် မူယစ်ဒင်ဟာ မလေးရှားရဲ့ ဝါရင့် နိုင်ငံရေးသမားကြီး တစ်ဦး ဖြစ်ပေမယ့် သူ့ရဲ့ နိုင်ငံရေး ဩဇာ လွှမ်းမိုးနိုင်စွမ်းနဲ့ ပတ်သက်လို့ အမြဲတမ်း မေးခွန်းထုတ်စရာတွေ ရှိခဲ့ပါတယ်။

အထူးသဖြင့် အတိုက်အခံခေါင်းဆောင် အန်ဝါ အီဘရာဟင်ကို ကပ်ရောဂါ ကာလအတွင်း ပိုမို လူကြိုက်များလာသလို မူယစ်ဒင်ရဲ့ အစိုးရကိုလည်း ထိထိရောက်ရောက် စိန်ခေါ်လာနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မူယစ်ဒင် ဦးဆောင်တဲ့ အစိုးရကို ဆန္ဒပြ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေလည်း ပေါ်ပေါက်လာပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံရေးအရ ဘက်ပေါင်းစုံ ဖိအားတွေ တိုးပွားလာတဲ့နောက် မူယစ်ဒင်က သူ့အနေနဲ့ ရာထူးက နုတ်ထွက်တော့မယ်လို့ ဩဂုတ် ၁၅ ရက်မှာ ကြေညာခဲ့ပါတယ်။ မလေးရှားဟာ မူယစ်ဒင် မတိုင်ခင် ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် ရုတ်တရက် ရာထူးက နုတ်ထွက်လိုက်တဲ့ အချိန်ကတည်းက နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါ့အပြင် လက်ရှိ မလေးရှားရဲ့ Covid-19 ကူးစက်နှုန်းဟာ လူဦးရေ အချိုးအစားနဲ့ နှိုင်းယှဉ်ရင် ကမ္ဘာပေါ်မှာ အမြင့်ဆုံး စာရင်းဝင် နိုင်ငံတစ်ခု ဖြစ်နေတာကြောင့်လည်း အစိုးရရဲ့ ကျန်းမာရေး မူဝါဒတွေနဲ့ ပတ်သက်လို့ ဝေဖန် မေးခွန်းထုတ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။now

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းလို့ ခေါ်ဆိုတဲ့ ရေအောက် မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်တည်ရှိနေပြီး ကမ္ဘာပေါ်မှာ အသက်ဝင်နေဆဲ မီးတောင် အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

နိုင်ငံတကာ

သူ့နုတ်ထွက်မှုဟာ ဒုတိယ ဝန်ကြီးချုပ် ရာထူးအတွက် တခြားတစ်ဦးကို ခန့်အပ်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။