Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မလေးရှား ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ရာထူးက နုတ်ထွက်

မူယစ်ဒင်ဟာ ဝန်ကြီးချုပ်သစ် မတင်မြှောက်နိုင်သေးခင် ကာလအတောအတွင်း ယာယီ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမယ်လို့ နန်းတော်က ကြေညာပါတယ်။ မူယစ်ဒင်ဟာ ၂၀၂၀ ပြည့်နှစ်၊ မတ်လမှာ ဝန်ကြီးချုပ် ဖြစ်လာခဲ့သူပါ။

မလေးရှား ဝန်ကြီးချုပ် မူယစ်ဒင် ယာဆင်နဲ့ အစိုးရ အဖွဲ့ တစ်ခုလုံး ရာထူးက နုတ်ထွက်သွားကြောင်း သိရပါတယ်။

မူယစ်ဒင်နဲ့ အစိုးရ အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ နုတ်ထွက်စာတွေကို ဩဂုတ် ၁၆ ရက်က မလေးရှား ဘုရင်ဆီ လာရောက် ပေးအပ်ခဲ့ကြောင်း နန်းတော်က အတည်ပြုခဲ့ပါတယ်။ မလေးရှားဟာ Covid-19 ရောဂါ ကူးစက်မှုတွေ မြင့်တက်လာတာ၊ စီးပွားရေး ကျဆင်းလာတာတွေ အပါအဝင် ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။

မူယစ်ဒင်ဟာ ဝန်ကြီးချုပ်သစ် မတင်မြှောက်နိုင်သေးခင် ကာလအတောအတွင်း ယာယီ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမယ်လို့ နန်းတော်က ကြေညာပါတယ်။ မူယစ်ဒင်ဟာ ၂၀၂၀ ပြည့်နှစ်၊ မတ်လမှာ ဝန်ကြီးချုပ် ဖြစ်လာခဲ့သူပါ။ အသက် ၇၄ နှစ်အရွယ် မူယစ်ဒင်ဟာ မလေးရှားရဲ့ ဝါရင့် နိုင်ငံရေးသမားကြီး တစ်ဦး ဖြစ်ပေမယ့် သူ့ရဲ့ နိုင်ငံရေး ဩဇာ လွှမ်းမိုးနိုင်စွမ်းနဲ့ ပတ်သက်လို့ အမြဲတမ်း မေးခွန်းထုတ်စရာတွေ ရှိခဲ့ပါတယ်။

အထူးသဖြင့် အတိုက်အခံခေါင်းဆောင် အန်ဝါ အီဘရာဟင်ကို ကပ်ရောဂါ ကာလအတွင်း ပိုမို လူကြိုက်များလာသလို မူယစ်ဒင်ရဲ့ အစိုးရကိုလည်း ထိထိရောက်ရောက် စိန်ခေါ်လာနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မူယစ်ဒင် ဦးဆောင်တဲ့ အစိုးရကို ဆန္ဒပြ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေလည်း ပေါ်ပေါက်လာပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံရေးအရ ဘက်ပေါင်းစုံ ဖိအားတွေ တိုးပွားလာတဲ့နောက် မူယစ်ဒင်က သူ့အနေနဲ့ ရာထူးက နုတ်ထွက်တော့မယ်လို့ ဩဂုတ် ၁၅ ရက်မှာ ကြေညာခဲ့ပါတယ်။ မလေးရှားဟာ မူယစ်ဒင် မတိုင်ခင် ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် ရုတ်တရက် ရာထူးက နုတ်ထွက်လိုက်တဲ့ အချိန်ကတည်းက နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါ့အပြင် လက်ရှိ မလေးရှားရဲ့ Covid-19 ကူးစက်နှုန်းဟာ လူဦးရေ အချိုးအစားနဲ့ နှိုင်းယှဉ်ရင် ကမ္ဘာပေါ်မှာ အမြင့်ဆုံး စာရင်းဝင် နိုင်ငံတစ်ခု ဖြစ်နေတာကြောင့်လည်း အစိုးရရဲ့ ကျန်းမာရေး မူဝါဒတွေနဲ့ ပတ်သက်လို့ ဝေဖန် မေးခွန်းထုတ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။now

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ လူနာတင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ မလေးရှား အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ဆက်စပ်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အခုတလော မလေးရှားအစိုးရကထိန်းသိမ်းရေးစခန်းတွေမှာဖမ်းဆီးထားတဲ့ စာရွက်စာတမ်းမဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်အနက်၅,၀၀၀ ခန့်ကိုမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းကြောင့်ဖမ်းဆီးခံထားရသူတွေနဲ့ အပြင်မှာ ကျန်ရှိနေတဲ့မိသားစုဝင်တွေရဲ့ရင်ကို ပူလောင်စေပြီး၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာ နေပါတယ်။