Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူများနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်ထောက်ခံအားပေးသွားမည်ဟု ကနေဒါ ထုတ်ပြန်

ရှစ်လေးလုံး အရေးတော်ပုံနှစ်ပတ်လည်နေ့တွင် အမေရိကန်သံရုံးကလည်း မြန်မာပြည်သူများနှင့် အတူဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

(အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ယနေ့ (သြဂုတ် ၈)က (၃၄)နှစ်မြောက် ၈လေးလုံးအထိမ်းအမှတ် မြန်မာ့စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြချီတက်ပွဲ ကျင်းပနေစဥ်၊ ဓာတ်ပုံ - Kyaw Soe Latt Photography)
(အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ယနေ့ (သြဂုတ် ၈)က (၃၄)နှစ်မြောက် ၈လေးလုံးအထိမ်းအမှတ် မြန်မာ့စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြချီတက်ပွဲ ကျင်းပနေစဥ်၊ ဓာတ်ပုံ - Kyaw Soe Latt Photography)

ဒီမိုကရေစီစနစ်အား လိုလားတောင့်တ မျှော်မှန်းနေကြသည့် မြန်မာပြည်သူ ပြည်သားများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်၊ ထောက်ခံအားပေးသွားမည်ဟု ကနေဒါသံရုံးက ထုတ်ပြန်သည်။

ယနေ့ကျရောက် (၃၄) နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့တွင် ကနေဒါက ၎င်းတို့၏ ရပ်တည် ချက်ကို ထပ်မံအသိပေးခြင်းဖြစ်ပြီး ဒီမိုကရေစီ ထောက်ခံဆန္ဒပြပွဲများ၌ ကျဆုံးခဲ့ကြသည့် ထောင်ပေါင်းများစွာသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများ နှင့် ပြည်သူ့ဝန်ထမ်းများ အားလုံးကို ချီးကျူးဂုဏ်ပြုပြီး အောက်မေ့သတိရကြောင်းဖော်ပြသည်။

မိမိတို့၏ လူ့အခွင့်အရေး၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ အသင်းအဖွဲ့များ ဖွဲ့စည်းပိုင်ခွင့် စသည်တို့အတွက် ဆောင်ရွက်ကြရင်း ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်း ခံခဲ့ရသူတို့အတွက်လည်း ဝမ်းနည်းပူဆွေးပြီး ယခင်နှင့် ယခု အချိန်အထိ လွတ်လပ်၍ အေးချမ်းသာယာသော နိုင်ငံတော် အတွက် ကြိုးပမ်းနေကြသူအားလုံးကိုလည်း ဂုဏ်ပြုကြောင်း ဖော်ပြသည်။

ရှစ်လေးလုံး အရေးတော်ပုံနှစ်ပတ်လည်နေ့တွင် အမေရိကန်သံရုံးကလည်း မြန်မာပြည်သူများနှင့် အတူဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာတဲ့နောက် ကနေဒါရဲ့ ပို့ကုန်အမျိုးအစား တချို့ကို အမေရိကန်က တင်သွင်းခွင့် ပိတ်ပစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် ကုန်စည်တွေအပေါ် လက်တုံ့ပြန်ပြီး အခွန်တိုးကောက်မယ့် အစီအစဉ်ဟာ စက်တင်ဘာ ၈ ရက်မှာ စတင် အသက်ဝင်လာပါတယ်။