Connect with us

Hi, what are you looking for?

LuduNwayOo

News

အသုတ်မြို့က ဒလန်ဟုနာမည်ကြီးသူတစ်ဦး သေနတ်နဲ့ပစ်ခံရလို့ သေဆုံး

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း သေဆုံးသူဦးဝင်းနိုင်ဦးရဲ့ဆိုင်ရှေ့မှာ ဗုံးပေါက်ခဲ့ဖူး​သေးတယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။

ဧရာဝတီတိုင်း ရေကြည်မြို့နယ် အသုတ်မြို့က သတင်း ပေးဒလန်လို့ နာမည်ကြီးတဲ့ ဦးဝင်းနိုင်ဦးဆိုသူဟာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက စုံစမ်းသိရပါတယ်။

ဒီကနေ့(သြဂုတ် ၁၈)မနက် ၇ နာရီခွဲလောက်မှာ ဦးဝင်းနိုင်ဦးရဲ့ ဆိုင်ကယ်အရောင်းဆိုင်ရှေ့မှာ သေနတ်နဲ့အနီး ကပ်ပစ်ခံရတာဖြစ်ပြီး ရရှိဒဏ်ရာနဲ့သေဆုံးသွားတာဖြစ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း သေဆုံးသူဦးဝင်းနိုင်ဦးရဲ့ဆိုင်ရှေ့မှာ ဗုံးပေါက်ခဲ့ဖူး​သေးတယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။

ဦးဝင်းနိုင်ဦးဟာ ရွှေအသုတ်သွေးလူမှုအသင်းရဲ့ဥက္ကဋ္ဌတာဝန်ရယူထားသူတစ်ဦးဖြစ်ပြီး သူနေထိုင်တဲ့အသုတ်မြို့ပေါ်မှာ စစ်ကောင်စီလက်ဝေခံ သတင်းပေးဒလန်တစ်ဦးအဖြစ် လူသိများပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။