Connect with us

Hi, what are you looking for?

News

အသုတ်မြို့က ဒလန်ဟုနာမည်ကြီးသူတစ်ဦး သေနတ်နဲ့ပစ်ခံရလို့ သေဆုံး

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း သေဆုံးသူဦးဝင်းနိုင်ဦးရဲ့ဆိုင်ရှေ့မှာ ဗုံးပေါက်ခဲ့ဖူး​သေးတယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။

ဧရာဝတီတိုင်း ရေကြည်မြို့နယ် အသုတ်မြို့က သတင်း ပေးဒလန်လို့ နာမည်ကြီးတဲ့ ဦးဝင်းနိုင်ဦးဆိုသူဟာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက စုံစမ်းသိရပါတယ်။

ဒီကနေ့(သြဂုတ် ၁၈)မနက် ၇ နာရီခွဲလောက်မှာ ဦးဝင်းနိုင်ဦးရဲ့ ဆိုင်ကယ်အရောင်းဆိုင်ရှေ့မှာ သေနတ်နဲ့အနီး ကပ်ပစ်ခံရတာဖြစ်ပြီး ရရှိဒဏ်ရာနဲ့သေဆုံးသွားတာဖြစ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း သေဆုံးသူဦးဝင်းနိုင်ဦးရဲ့ဆိုင်ရှေ့မှာ ဗုံးပေါက်ခဲ့ဖူး​သေးတယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။

ဦးဝင်းနိုင်ဦးဟာ ရွှေအသုတ်သွေးလူမှုအသင်းရဲ့ဥက္ကဋ္ဌတာဝန်ရယူထားသူတစ်ဦးဖြစ်ပြီး သူနေထိုင်တဲ့အသုတ်မြို့ပေါ်မှာ စစ်ကောင်စီလက်ဝေခံ သတင်းပေးဒလန်တစ်ဦးအဖြစ် လူသိများပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

Facebook