Connect with us

Hi, what are you looking for?

သတင်း

တားမြစ်ထားသည့် စစ်ကောင်စီထုတ်ကုန်များ ဆက်လက်ရောင်းဝယ်နေပါက ပြင်းထန်စွာ အရေးယူမည်ဟု PDF(တမူး) ထုတ်ပြန်

ကလေး – တမူး အာရှလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားနေသည့် ခရီးသည်တင်ကားများ၊ ကုန်တင်ကားကြီးများ စစ်ကောင်စီထုတ်ကုန်များ ကူးသန်းရောင်းဝယ်မှု ဆက်လက်ပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိရခြင်းကြောင့်ဖြစ်သည်ဟု PDF(တမူး)က ဆိုသည်။

(စစ်ကောင်စီထုတ်ကုန်များအား စစ်ဆေးနေစဥ်၊ ဓာတ်ပုံ - People's Defense Force Tamu တပ်ရင်း -၃)
(စစ်ကောင်စီထုတ်ကုန်များအား စစ်ဆေးနေစဥ်၊ ဓာတ်ပုံ - People's Defense Force Tamu တပ်ရင်း -၃)

တားမြစ်ထားသည့် စစ်ကောင်စီ၏ ကျောထောက်နောက်ခံ စီးပွားရေးထုတ်ကုန်များကို ဆက်လက်ကူးသန်းရောင်းဝယ်လုပ်ကိုင်နေသူများအား ပြင်းထန်ထိရောက်စွာအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင့် PDF(တမူး) တပ်ရင်း – ၃ က ယနေ့ ထုတ်ပြန်လိုက်သည်။

ကလေး – တမူး အာရှလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားနေသည့် ခရီးသည်တင်ကားများ၊ ကုန်တင်ကားကြီးများ စစ်ကောင်စီထုတ်ကုန်များ ကူးသန်းရောင်းဝယ်မှု ဆက်လက်ပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိရခြင်းကြောင့်ဖြစ်သည်ဟု PDF(တမူး)က ဆိုသည်။

(စစ်ကောင်စီထုတ်ကုန်များအား စစ်ဆေးနေစဥ်၊ ဓာတ်ပုံ - People's Defense Force Tamu တပ်ရင်း -၃)
(စစ်ကောင်စီထုတ်ကုန်များအား စစ်ဆေးနေစဥ်၊ ဓာတ်ပုံ – People’s Defense Force Tamu တပ်ရင်း -၃)

ထိုသို့ စစ်ကောင်စီထုတ်ကုန် ဘီယာဖာများ၊ အရက်ဖာများ၊ ဆေးလိပ်ဖာများနှင့် အခြားထုတ်ကုန်များကို တားမြစ်ရှောင်ကျဉ်မှုမရှိပဲ ကူးသန်းရောင်းဝယ်မှုများပြုလုပ်နေသည်ကို တပ်ရင်း(၃)မှ လွန်စွာဝမ်းနည်းစိတ်ပျက်မိသည်ဟုလည်း ထုတ်ပြန်ထားသည်။

ထိုကြောင့် ကူးသန်းရောင်းဝယ်နေသူများကို ပြင်းထန်ထိရောက်စွာအရေးယူမည်ဟုလည်း PDF(တမူး)က ဆိုထားသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီထုတ်ကုန်များအား စစ်ဆေးနေစဥ်၊ ဓာတ်ပုံ - People's Defense Force Tamu တပ်ရင်း -၃)
(စစ်ကောင်စီထုတ်ကုန်များအား စစ်ဆေးနေစဥ်၊ ဓာတ်ပုံ – People’s Defense Force Tamu တပ်ရင်း -၃)

ထို့အပြင် စစ်ကောင်စီတပ်သည် ယမန့်ည ၇နာရီခွဲခန့်မှစတင်ပြီး ယနေ့ညနေအထိ တမူးမြို့နယ်အတွင်းရှိ ကွန်းတောင်းစခန်းမှ လက်နက်ကြီး (၁၀)ကြိမ်မနည်း ရမ်းသမ်းပစ်ခတ်နေသည်ဟု ဆိုထားသည်။

ထို့ကြောင့် တမူး-အောင်ဇေယျလမ်းပိုင်းတွင် အချိန်မရွှေးတိုက်ပွဲများဖြစ်နိုင်သည့်အတွက် ပြည်သူများ သတိထားသွားလာကြရန် PDF(တမူး)က သတိပေးထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။