Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တားမြစ်ထားသည့် စစ်ကောင်စီထုတ်ကုန်များ ဆက်လက်ရောင်းဝယ်နေပါက ပြင်းထန်စွာ အရေးယူမည်ဟု PDF(တမူး) ထုတ်ပြန်

ကလေး – တမူး အာရှလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားနေသည့် ခရီးသည်တင်ကားများ၊ ကုန်တင်ကားကြီးများ စစ်ကောင်စီထုတ်ကုန်များ ကူးသန်းရောင်းဝယ်မှု ဆက်လက်ပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိရခြင်းကြောင့်ဖြစ်သည်ဟု PDF(တမူး)က ဆိုသည်။

(စစ်ကောင်စီထုတ်ကုန်များအား စစ်ဆေးနေစဥ်၊ ဓာတ်ပုံ - People's Defense Force Tamu တပ်ရင်း -၃)
(စစ်ကောင်စီထုတ်ကုန်များအား စစ်ဆေးနေစဥ်၊ ဓာတ်ပုံ - People's Defense Force Tamu တပ်ရင်း -၃)

တားမြစ်ထားသည့် စစ်ကောင်စီ၏ ကျောထောက်နောက်ခံ စီးပွားရေးထုတ်ကုန်များကို ဆက်လက်ကူးသန်းရောင်းဝယ်လုပ်ကိုင်နေသူများအား ပြင်းထန်ထိရောက်စွာအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင့် PDF(တမူး) တပ်ရင်း – ၃ က ယနေ့ ထုတ်ပြန်လိုက်သည်။

ကလေး – တမူး အာရှလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားနေသည့် ခရီးသည်တင်ကားများ၊ ကုန်တင်ကားကြီးများ စစ်ကောင်စီထုတ်ကုန်များ ကူးသန်းရောင်းဝယ်မှု ဆက်လက်ပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိရခြင်းကြောင့်ဖြစ်သည်ဟု PDF(တမူး)က ဆိုသည်။

(စစ်ကောင်စီထုတ်ကုန်များအား စစ်ဆေးနေစဥ်၊ ဓာတ်ပုံ - People's Defense Force Tamu တပ်ရင်း -၃)
(စစ်ကောင်စီထုတ်ကုန်များအား စစ်ဆေးနေစဥ်၊ ဓာတ်ပုံ – People’s Defense Force Tamu တပ်ရင်း -၃)

ထိုသို့ စစ်ကောင်စီထုတ်ကုန် ဘီယာဖာများ၊ အရက်ဖာများ၊ ဆေးလိပ်ဖာများနှင့် အခြားထုတ်ကုန်များကို တားမြစ်ရှောင်ကျဉ်မှုမရှိပဲ ကူးသန်းရောင်းဝယ်မှုများပြုလုပ်နေသည်ကို တပ်ရင်း(၃)မှ လွန်စွာဝမ်းနည်းစိတ်ပျက်မိသည်ဟုလည်း ထုတ်ပြန်ထားသည်။

ထိုကြောင့် ကူးသန်းရောင်းဝယ်နေသူများကို ပြင်းထန်ထိရောက်စွာအရေးယူမည်ဟုလည်း PDF(တမူး)က ဆိုထားသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီထုတ်ကုန်များအား စစ်ဆေးနေစဥ်၊ ဓာတ်ပုံ - People's Defense Force Tamu တပ်ရင်း -၃)
(စစ်ကောင်စီထုတ်ကုန်များအား စစ်ဆေးနေစဥ်၊ ဓာတ်ပုံ – People’s Defense Force Tamu တပ်ရင်း -၃)

ထို့အပြင် စစ်ကောင်စီတပ်သည် ယမန့်ည ၇နာရီခွဲခန့်မှစတင်ပြီး ယနေ့ညနေအထိ တမူးမြို့နယ်အတွင်းရှိ ကွန်းတောင်းစခန်းမှ လက်နက်ကြီး (၁၀)ကြိမ်မနည်း ရမ်းသမ်းပစ်ခတ်နေသည်ဟု ဆိုထားသည်။

ထို့ကြောင့် တမူး-အောင်ဇေယျလမ်းပိုင်းတွင် အချိန်မရွှေးတိုက်ပွဲများဖြစ်နိုင်သည့်အတွက် ပြည်သူများ သတိထားသွားလာကြရန် PDF(တမူး)က သတိပေးထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။