Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ်တွင် သေဆုံးပျူအလောင်းလာကောက်သည့် စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရ

ပျူစောထီးပစ်ခတ်ခံရသည့် တက်တူရွာသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုအားကောင်းရာ ရွာတစ်ရွာဖြစ်ပြီး မီးရှို့ဖျက်ဆီးခြင်းများ ခံခဲ့ရဖူးသည်။

ရွှေဘိုဒေသတွင်း PDFအဖွဲ့အချို့အား တွေ့ရစဥ်။ဓာတ်ပုံ-LPDF (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
ရွှေဘိုဒေသတွင်း PDFအဖွဲ့အချို့အား တွေ့ရစဥ်။ဓာတ်ပုံ-LPDF (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပစ်ခတ်ခံရ၍ သေဆုံးသွားသော ပျူစောထီးအလောင်းအား လာကောက်သည့် စစ်ကောင်စိီတပ်ဖွဲ့နှင့်ပျူများ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ယမန်နေ့ (စက်တင်ဘာ၂ ရက်) နံနက်ပိုင်းက ရွှေဘိုမြို့နယ်၊ ရွှေဘိုအနောက်ဘက် တက်တူကျေးရွာရှိ ပျူစောထီးသင်တန်းဆင်း စစ်ကောင်စီသတင်းပေး သန်းထိုက်ဆိုသူအား အမည်မသိအဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သွား၍ သေဆုံးသွားခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

သေဆုံးသူသည် တက်တူရွာရှိ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ပျူစောထီး ကျော်ညွှန့် ၏ ညီဝမ်းကွဲတော်စပ်သူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရွှေဘိုဒေသတွင်း PDFအဖွဲ့အချို့အား တွေ့ရစဥ်။ဓာတ်ပုံ-LPDF (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
ရွှေဘိုဒေသတွင်း PDFအဖွဲ့အချို့အား တွေ့ရစဥ်။ဓာတ်ပုံ-LPDF (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

ထို့နောက် အချိန်အနည်းငယ်အကြာတွင် ပန်းလှိုင်ရွာ(ခ)ပလိုင်းရွာ၌တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် အိမ်စီးကားတစ်စီး၊ ဆိုင်ကယ်(၄)စီးဖြင့် ၎င်းသေဆုံးသူ ပျူစောထီးအလောင်းအားလာကောက်စဉ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထိုသို့မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ဆိုင်ကယ်တစ်စီးမှာ လုံးဝစုတ်ပြတ်သတ်သွားခဲ့ပြီး ပျူနှစ်ဦးလွင့်စင်ကျသွားခဲ့ကြောင်း၊ တစ်ဦးသေဆုံးနိုင်ပြီး တစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သဖြင့် ဆိုင်ကယ်နှစ်စီးပေါ် ထမ်းပိုးသယ်ဆောင်၍ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ကာ ပြန်လှည့်သွားကြောင်း ​ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ပျူစောထီးပစ်ခတ်ခံရသည့် တက်တူရွာသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုအားကောင်းရာ ရွာတစ်ရွာဖြစ်ပြီး မီးရှို့ဖျက်ဆီးခြင်းများ ခံခဲ့ရဖူးသည်။

“ပလိုင်းနဲ့ တက်တူရွာက ရွာချင်းကပ်လျက်ပါ။ ပလိုင်းမှာက တပ်စွဲထားပြီး ပလိုင်းတပ်နဲ့ ကပ်ကပ်လေးမှာကို စစ်ကောင်စီသတင်းပေးကို လာရှင်းသွားတာ။”ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား လျှပ်စီးမုန်တိုင်း LPDF အဖွဲ့နှင့် ရွှေဘိုမြို့နယ်(ပကဖ) တိုက်နယ်(၅)အဖွဲ့ဝင်များ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းတို့က အသိပေးထားသည်။

ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များအား ခုခံတော်လှန်တိုက်ခိုက်နေကြပြီး သြဂုတ်လကုန်ပိုင်းကလည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်စွဲရာ ကျေးရွာနှစ်ရွာထက်မနည်း ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။