Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်သ် ကွယ်လွန်

ဘုရင်မကြီး ကွယ်လွန်သွားတဲ့နောက် နာရေး အစီအစဉ်တွေနဲ့ ထီးမွေခံ အရေးကိစ္စတွေကိုတော့ လတ်တလောမှာ နန်းတော်က မကြေညာသေးပါဘူး။ ဘုရင်မကြီး မကွယ်လွန်ခင် သားသမီး ၄ ယောက်စလုံးနဲ့ မြေးတော် မင်းသား ဝီလျံတို့ဟာ ဘုရင်မကြီးရဲ့ဘေးမှာ စုံစုံလင်လင် ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။

ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်သ် ကွယ်လွန်
ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်သ် ကွယ်လွန်

ဗြိတိန်နိုင်ငံက အဲလိဇဘက်သ် ဘုရင်မကြီး ကွယ်လွန်သွားပြီလို့ ဘက်ကင်ဟမ် နန်းတော်က အတည်ပြု ကြေညာသွားပါတယ်။

စက်တင်ဘာ ၈ ရက် မနက်ပိုင်း ကတည်းက ဘုရင်မကြီးရဲ့ ကျန်းမာရေး အခြေအနေ ဆုတ်ယုတ်လာလို့ အထူးကြပ်မတ် စောင့်ကြည့်မှုတွေ ခံယူနေရကြောင်း နန်းတော်က ထုတ်ပြန်ထားခဲ့ပါတယ်။ အဲဒီနောက် ဘုရင်မကြီး ရှိနေရာ စကော့တလန်က နွေရာသီ စံနန်းတော်ကို တော်ဝင် မိသားစုဝင်တွေ ကတိုက်ကရိုက် သွားရောက်ခဲ့ကြတဲ့နောက် ဘုရင်မကြီးရဲ့ အခြေအနေ မကောင်းတော့ဘူးဆိုတဲ့ ခန့်မှန်းချက်တွေ ပျံ့နှံ့လာပါတယ်။

ဘက်ကင်ဟမ် နန်းတော်ရှေ့မှာ ဘုရင်မကြီးကို ချစ်ခင်လေးစားသူတွေ လာရောက် စုဝေးခဲ့ပြီး နောက်ဆက်တွဲ သတင်းတွေ စောင့်ဆိုင်းနေချိန်မှာ နန်းတော်က သတင်းဆိုးကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဘုရင်မကြီး ကွယ်လွန်ချိန်မှာ အသက် ၉၆ နှစ် ရှိနေပါပြီ။ သူဟာ ဗြိတိန် ထီးနန်းကို နှစ်ပေါင်း ၇၀ လောက် စိုးစံခဲ့ပြီး နိုင်ငံရဲ့ သမိုင်းတလျှောက် သက်တမ်း အကြာဆုံး အုပ်ချုပ်တဲ့ ထီးဆောင်းမင်းအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

ဗြိတိန်မှာ ဝန်ကြီးချုပ် အပြောင်းအလဲဖြစ်ပြီး နိုင်ငံရေးအရ စိန်ခေါ်မှုတွေ ပြင်းထန်နေချိန်မှာ ဘုရင်မကြီး ကွယ်လွန်သွားခဲ့တာပါ။ ဘုရင်မကြီးဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကျန်းမာရေး ဆုတ်ယုတ်လာတာကြောင့် အိမ်ရှေ့မင်းသား ချားလ်စ်နဲ့ တခြား တော်ဝင်မိသားစုဝင်တွေက ဘုရင်မကြီးရဲ့ တာဝန်တွေကို လက်လွှဲယူတာမျိုး ရှိနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘုရင်မကြီး ကွယ်လွန်သွားတဲ့နောက် နာရေး အစီအစဉ်တွေနဲ့ ထီးမွေခံ အရေးကိစ္စတွေကိုတော့ လတ်တလောမှာ နန်းတော်က မကြေညာသေးပါဘူး။ ဘုရင်မကြီး မကွယ်လွန်ခင် သားသမီး ၄ ယောက်စလုံးနဲ့ မြေးတော် မင်းသား ဝီလျံတို့ဟာ ဘုရင်မကြီးရဲ့ဘေးမှာ စုံစုံလင်လင် ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။