Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်သ် ကွယ်လွန်

ဘုရင်မကြီး ကွယ်လွန်သွားတဲ့နောက် နာရေး အစီအစဉ်တွေနဲ့ ထီးမွေခံ အရေးကိစ္စတွေကိုတော့ လတ်တလောမှာ နန်းတော်က မကြေညာသေးပါဘူး။ ဘုရင်မကြီး မကွယ်လွန်ခင် သားသမီး ၄ ယောက်စလုံးနဲ့ မြေးတော် မင်းသား ဝီလျံတို့ဟာ ဘုရင်မကြီးရဲ့ဘေးမှာ စုံစုံလင်လင် ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။

ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်သ် ကွယ်လွန်
ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်သ် ကွယ်လွန်

ဗြိတိန်နိုင်ငံက အဲလိဇဘက်သ် ဘုရင်မကြီး ကွယ်လွန်သွားပြီလို့ ဘက်ကင်ဟမ် နန်းတော်က အတည်ပြု ကြေညာသွားပါတယ်။

စက်တင်ဘာ ၈ ရက် မနက်ပိုင်း ကတည်းက ဘုရင်မကြီးရဲ့ ကျန်းမာရေး အခြေအနေ ဆုတ်ယုတ်လာလို့ အထူးကြပ်မတ် စောင့်ကြည့်မှုတွေ ခံယူနေရကြောင်း နန်းတော်က ထုတ်ပြန်ထားခဲ့ပါတယ်။ အဲဒီနောက် ဘုရင်မကြီး ရှိနေရာ စကော့တလန်က နွေရာသီ စံနန်းတော်ကို တော်ဝင် မိသားစုဝင်တွေ ကတိုက်ကရိုက် သွားရောက်ခဲ့ကြတဲ့နောက် ဘုရင်မကြီးရဲ့ အခြေအနေ မကောင်းတော့ဘူးဆိုတဲ့ ခန့်မှန်းချက်တွေ ပျံ့နှံ့လာပါတယ်။

ဘက်ကင်ဟမ် နန်းတော်ရှေ့မှာ ဘုရင်မကြီးကို ချစ်ခင်လေးစားသူတွေ လာရောက် စုဝေးခဲ့ပြီး နောက်ဆက်တွဲ သတင်းတွေ စောင့်ဆိုင်းနေချိန်မှာ နန်းတော်က သတင်းဆိုးကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဘုရင်မကြီး ကွယ်လွန်ချိန်မှာ အသက် ၉၆ နှစ် ရှိနေပါပြီ။ သူဟာ ဗြိတိန် ထီးနန်းကို နှစ်ပေါင်း ၇၀ လောက် စိုးစံခဲ့ပြီး နိုင်ငံရဲ့ သမိုင်းတလျှောက် သက်တမ်း အကြာဆုံး အုပ်ချုပ်တဲ့ ထီးဆောင်းမင်းအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

ဗြိတိန်မှာ ဝန်ကြီးချုပ် အပြောင်းအလဲဖြစ်ပြီး နိုင်ငံရေးအရ စိန်ခေါ်မှုတွေ ပြင်းထန်နေချိန်မှာ ဘုရင်မကြီး ကွယ်လွန်သွားခဲ့တာပါ။ ဘုရင်မကြီးဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကျန်းမာရေး ဆုတ်ယုတ်လာတာကြောင့် အိမ်ရှေ့မင်းသား ချားလ်စ်နဲ့ တခြား တော်ဝင်မိသားစုဝင်တွေက ဘုရင်မကြီးရဲ့ တာဝန်တွေကို လက်လွှဲယူတာမျိုး ရှိနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘုရင်မကြီး ကွယ်လွန်သွားတဲ့နောက် နာရေး အစီအစဉ်တွေနဲ့ ထီးမွေခံ အရေးကိစ္စတွေကိုတော့ လတ်တလောမှာ နန်းတော်က မကြေညာသေးပါဘူး။ ဘုရင်မကြီး မကွယ်လွန်ခင် သားသမီး ၄ ယောက်စလုံးနဲ့ မြေးတော် မင်းသား ဝီလျံတို့ဟာ ဘုရင်မကြီးရဲ့ဘေးမှာ စုံစုံလင်လင် ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး၊ အိုးဘိုအကျဥ်းထောင်မှာအကျဥ်းချခံထားတဲ့ နိုင်ငံရေးအကျဥ်းသား တစ်ဦးဟာ အူအတက်ပေါက်ပြီး ဆေးဝါးကုသခွင့်မရလို့ ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်တွေ တပ်ဆင် ပစ်ခတ်နိုင်တဲ့ အမေရိကန်လုပ် F-35A တိုက်လေယာဉ် ၁၂ စီး ဝယ်ယူသွားမယ်လို့ ဗြိတိန် အစိုးရက အတည်ပြု ကြေညာခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးခံထားရသူများအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဗြိတိန်တောင်းဆို

နိုင်ငံတကာ

အစ္စရေးကို ကူညီနေမယ်ဆိုရင် အရှေ့အလယ်ပိုင်း ဒေသထဲမှာ ရှိနေတဲ့ အနောက်နိုင်ငံတွေရဲ့ စစ်အခြေစိုက် စခန်းတွေနဲ့ ကုန်သွယ်ရေကြောင်း သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်ရလိမ့်မယ်လို့ အီရန်က ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။