Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန် ဘုရင်မကြီးရဲ့ ကျန်းမာရေး စိုးရိမ်ရတဲ့ အခြေအနေမျိုး ဖြစ်နေ

ဘုရင်မကြီးဟာ စက်တင်ဘာ ၇ ရက်ကမှ ဗြိတိန် ဝန်ကြီးချုပ်သစ် လစ်ဇ်ထရက်စ်ရဲ့ တရားဝင် ရာထူး ဆက်ခံမှုကို ကောင်းချီးပေး အသိအမှတ် ပြုခဲ့ပါသေးတယ်။ ဘုရင်မကြီးဟာ ဗြိတိန်ထီးနန်းကို စိုးစံနေခဲ့တာ နှစ်ပေါင်း ၇၀ လောက် ကြာမြင့်ခဲ့ပြီးပါပြီ။

ဗြိတိန် ဘုရင်မကြီးရဲ့ ကျန်းမာရေး စိုးရိမ်ရတဲ့ အခြေအနေမျိုး ဖြစ်နေ
ဗြိတိန် ဘုရင်မကြီးရဲ့ ကျန်းမာရေး စိုးရိမ်ရတဲ့ အခြေအနေမျိုး ဖြစ်နေ

ဗြိတိသျှ ဘုရင်မကြီး အဲလိဇဘက်သ်ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားလာကြောင်း သတင်းတွေကြောင့် ဘက်ကင်ဂမ် နန်းတော်ရှေ့မှာ ပြည်သူတွေ စိုးရိမ်တကြီး စုဝေးနေကြောင်း သိရပါတယ်။

အသက် ၉၆ နှစ် ရှိပြီဖြစ်တဲ့ ဘုရင်မကြီးရဲ့ ကျန်းမာရေးကို ဆရာဝန်တွေက အားမရတဲ့အတွက် စကော့တလန်မှာရှိတဲ့ ဘယ်လ်မော်ရဲလ် နွေရာသီ နန်းဆောင်မှာ အထူးကြပ်မတ် စောင့်ကြည့်နေကြောင်း နန်းတော်က ကြေညာထားပါတယ်။ ဘယ်လ်မော်ရဲလ်ဟာ ဘုရင်မကြီးကိုယ်တိုင် သူအနှစ်သက်ဆုံး နေရာတစ်ခုလို့ ပြောဆိုထားဖူးပါတယ်။

ဩဂုတ် ၈ ရက်မှာ ဘုရင်မကြီးရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းဆိုးတွေ စတင် ထွက်ပေါ်လာတဲ့နောက် လန်ဒန်က ဘက်ကင်ဂမ် နန်းတော်နားမှာ ပြည်သူတွေအပြင် ကမ္ဘာလှည့် ခရီးသွားတွေပါ လာရောက် စုဝေးနေကြပါတယ်။ တချို့ကလည်း ဘုရင်မကြီးအတွက် စိုးရိမ်ပြီး ငိုကြွေးနေကြတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း မင်းသား ဝီလျံ၊ အန်ဒရူး၊ အက်ဒွပ်တို့ အပါအဝင် တော်ဝင်မိသားစုဝင် ၇ ဦးလောက်ကို တင်ဆောင်သွားတဲ့ လေယာဉ်တစ်စီးဟာ စကော့တလန်က အဘာဒင်း လေဆိပ်ကို ဆိုက်ရောက်ခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

BBC သတင်းဌာနရဲ့ ဆေးဘက်ဆိုင်ရာ အယ်ဒီတာ ဖားဂက်စ် ဝဲ့လ်ရှ်က နန်းတော်ရဲ့ ထုတ်ပြန်ချက်တွေဟာ သာမန်အဆင့်ထက် ပိုနေတယ်လို့ သုံးသပ်ပါတယ်။ ပြီးတော့ နွေရာသီမှာ ဘုရင်မကြီး အနားယူလေ့ရှိတဲ့ ဘယ်လ်မော်ရဲလ်ထိ မိသားစုဝင်တွေ ကတိုက်ကရိုက် လိုက်သွားကြတဲ့ ကိစ္စကလည်း ပုံမှန် မဟုတ်ကြောင်း ဝဲ့လ်ရှ်က ထောက်ပြပါတယ်။

ဒီအတောအတွင်း BBC သတင်းဌာနရဲ့ အစီအစဉ် တင်ဆက်သူ အမျိုးသမီး ယယ်လ်ဒါ ဟာကင်မ်က ဘုရင်မကြီး ကွယ်လွန်သွားပြီလို့ Twitterမှာ ရေးသားခဲ့ပြီးမှ ပို့စ်ကို ပြန်ဖျက်သွားခဲ့ပါတယ်။ သူရေးခဲ့တဲ့ ကိစ္စက သတင်းအမှား ဖြစ်သွားလို့ ပြန်ဖျက်လိုက်ကြောင်း၊ နန်းတော်ဖက်က နောက်ဆက်တွဲ ဘာကြေညာချက်မှ မရှိသေးကြောင်း၊ အမှားအတွက် တောင်းပန်ကြောင်း သူက ရေးသားထားပါတယ်။

ဘုရင်မကြီးဟာ စက်တင်ဘာ ၇ ရက်ကမှ ဗြိတိန် ဝန်ကြီးချုပ်သစ် လစ်ဇ်ထရက်စ်ရဲ့ တရားဝင် ရာထူး ဆက်ခံမှုကို ကောင်းချီးပေး အသိအမှတ် ပြုခဲ့ပါသေးတယ်။ ဘုရင်မကြီးဟာ ဗြိတိန်ထီးနန်းကို စိုးစံနေခဲ့တာ နှစ်ပေါင်း ၇၀ လောက် ကြာမြင့်ခဲ့ပြီးပါပြီ။

လတ်တလောမှာတော့ ကမ္ဘာ့နိုင်ငံ တချို့ရဲ့ ခေါင်းဆောင်တွေက ဘုရင်မကြီး အမြန်ဆုံး ကျန်းမာလာပြီး ရောဂါဝေဒနာတွေ သက်သာလာဖို့ ဆုမွန်ကောင်းတောင်း ဆန္ဒပြုတဲ့ ကြေညာချက်တွေ ထုတ်ပြန်နေတာ တွေ့ရပါတယ်။ ဘာကင်ဂမ် နန်းတော်ကတော့ ဘုရင်မကြီးဟာ အထူးကြပ်မတ် စောင့်ကြည့် ကုသမှု ခံယူနေကြောင်း ကြေညာပြီးနောက်ပိုင်း အသံတိတ်ဆိတ်နေဆဲလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။