Connect with us

Hi, what are you looking for?

သတင်း

နန်းထိုက်​အောင်စစ်ဆင်​ရေးအဖြစ် စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးကို PDFကရှင်းလင်း

မောင်ယုသည် စစ်မှုထမ်းဟောင်း ဖြစ်သည့်အပြင် ပုလောမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ဥက္ကဌအဖြစ် တာဝန်ယူဖူးခဲ့ပြီး ဘိသိက်ဆရာ၊ အပ်ပုန်းဆရာ အနေဖြင့် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

(ပျူလည်းဖြစ် ၊စစ်​ကောင်စီခန့်အုပ်ကြီးလည်းဖြစ်​သော​မောင်ယုနှင့် ၎င်းထံမှသိမ်းဆည်းရမိ​သောပစ္စည်းများ။ ဓါတ်ပုံ-PPDF)
(ပျူလည်းဖြစ် ၊စစ်​ကောင်စီခန့်အုပ်ကြီးလည်းဖြစ်​သော​မောင်ယုနှင့် ၎င်းထံမှသိမ်းဆည်းရမိ​သောပစ္စည်းများ။ ဓါတ်ပုံ-PPDF)

နန်းထိုက်အောင်“စစ်ဆင်ရေးဖြင့် စစ်မှုထမ်းဟောင်းနှင့်စစ်​ကောင်စီခန့်အုပ်ချုပ်ရေးမှူး မောင်ယုအားသုတ်သင်ရှင်းလင်းလိုက်ကြောင်း ပုလောဒေသကာ ကွယ်ရေးတပ်ဖွဲ့ PRDF က ထုတ်ပြန်သည်။

ယမန်နေ့(စက်တင်ဘာ ၁၂ ရက်)က တောင်ယာကမ်းကျေးရွာမှစစ်​ကောင်စီခန့် အုပ်ချုပ်ရေးမှူး မောင်ယုကို ပုလောဒေသကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုမှ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် သင်္ကန်းမော်နှင့် ရွှေလုံးအော် အကြားတွင် ညနေ လေးနာရီဝန်းကျင်ခန့်က သုတ်သင် ရှင်းလင်းခဲ့သည်ဟု အသိ​ပေးထားသည်။

“ပျူစောထီးအဖွဲ့ဝင်လို့လည်း ပြောလို့ရနိုင်တယ်။အခု အာဏာသိမ်းပြီးနောက်ပိုင်း စခ တပ်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်လာပြီး လက်နက်တွေပါ ကိုင်လာတာရယ်။နောက်အခြားပြစ်မှုတွေပါ ရှိ နေလို့ ရှင်းလိုက်တာ”ဟု ပုလောမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(ပျူလည်းဖြစ် ၊စစ်​ကောင်စီခန့်အုပ်ကြီးလည်းဖြစ်​သော​မောင်ယုနှင့် ၎င်းထံမှသိမ်းဆည်းရမိ​သောပစ္စည်းများ။ ဓါတ်ပုံ-PPDF)
(ပျူလည်းဖြစ် ၊စစ်​ကောင်စီခန့်အုပ်ကြီးလည်းဖြစ်​သော​မောင်ယုနှင့် ၎င်းထံမှသိမ်းဆည်းရမိ​သောပစ္စည်းများ။ ဓါတ်ပုံ-PPDF)

ပျူလည်းဖြစ် စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးကို ရှင်းလင်းခဲ့ရာမှ လက်ပစ်ဗုံးနှစ်လုံး၊ လက်ကိုင်ဖုန်း တလုံး၊ Wave i (125) ဆိုင်ကယ်အဖြူတစီး၊ ငွေသား (၉) သိန်းကျပ်၊ မှတ်ပုံတင် (၈) ခု၊ WY စိတ်ကြွဆေး (၈) လုံး နှင့် ခဲပြားတပြား၊ ကွန်ဒုံး (၂) ခု၊ လက်စွပ် (၃) က္ငင်းနှင့်အတူ ဆေးထိုးအပ်၊ ဆေးဝါးများကို သိမ်းဆည်း ရမိခဲ့ကြောင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

(ပျူလည်းဖြစ် ၊စစ်​ကောင်စီခန့်အုပ်ကြီးလည်းဖြစ်​သော​မောင်ယုနှင့် ၎င်းထံမှသိမ်းဆည်းရမိ​သောပစ္စည်းများ။ ဓါတ်ပုံ-PPDF)
(ပျူလည်းဖြစ် ၊စစ်​ကောင်စီခန့်အုပ်ကြီးလည်းဖြစ်​သော​မောင်ယုနှင့် ၎င်းထံမှသိမ်းဆည်းရမိ​သောပစ္စည်းများ။ ဓါတ်ပုံ-PPDF)

မောင်ယုသည် စစ်မှုထမ်းဟောင်း ဖြစ်သည့်အပြင် ပုလောမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ဥက္ကဌအဖြစ် တာဝန်ယူဖူးခဲ့ပြီး ဘိသိက်ဆရာ၊ အပ်ပုန်းဆရာ အနေဖြင့် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

လက်ရှိတော်လှန်ရေးကာလတွင်လည်းစစ်ကောင်စီလမ်းကြောင်းများတွင် လမ်းပြ လုပ်ပေးခြင်း၊ CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ရပ်ရွာ ပြည်သူများအား ခြိမ်းခြောက်ခြင်း၊ လက် နက်ကိုင်ဆောင်ခြင်း စသည်တို့ကို ကျူးလွန်ခဲ့သူ ဟု PRDF က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။