Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နန်းထိုက်​အောင်စစ်ဆင်​ရေးအဖြစ် စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးကို PDFကရှင်းလင်း

မောင်ယုသည် စစ်မှုထမ်းဟောင်း ဖြစ်သည့်အပြင် ပုလောမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ဥက္ကဌအဖြစ် တာဝန်ယူဖူးခဲ့ပြီး ဘိသိက်ဆရာ၊ အပ်ပုန်းဆရာ အနေဖြင့် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

(ပျူလည်းဖြစ် ၊စစ်​ကောင်စီခန့်အုပ်ကြီးလည်းဖြစ်​သော​မောင်ယုနှင့် ၎င်းထံမှသိမ်းဆည်းရမိ​သောပစ္စည်းများ။ ဓါတ်ပုံ-PPDF)
(ပျူလည်းဖြစ် ၊စစ်​ကောင်စီခန့်အုပ်ကြီးလည်းဖြစ်​သော​မောင်ယုနှင့် ၎င်းထံမှသိမ်းဆည်းရမိ​သောပစ္စည်းများ။ ဓါတ်ပုံ-PPDF)

နန်းထိုက်အောင်“စစ်ဆင်ရေးဖြင့် စစ်မှုထမ်းဟောင်းနှင့်စစ်​ကောင်စီခန့်အုပ်ချုပ်ရေးမှူး မောင်ယုအားသုတ်သင်ရှင်းလင်းလိုက်ကြောင်း ပုလောဒေသကာ ကွယ်ရေးတပ်ဖွဲ့ PRDF က ထုတ်ပြန်သည်။

ယမန်နေ့(စက်တင်ဘာ ၁၂ ရက်)က တောင်ယာကမ်းကျေးရွာမှစစ်​ကောင်စီခန့် အုပ်ချုပ်ရေးမှူး မောင်ယုကို ပုလောဒေသကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုမှ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် သင်္ကန်းမော်နှင့် ရွှေလုံးအော် အကြားတွင် ညနေ လေးနာရီဝန်းကျင်ခန့်က သုတ်သင် ရှင်းလင်းခဲ့သည်ဟု အသိ​ပေးထားသည်။

“ပျူစောထီးအဖွဲ့ဝင်လို့လည်း ပြောလို့ရနိုင်တယ်။အခု အာဏာသိမ်းပြီးနောက်ပိုင်း စခ တပ်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်လာပြီး လက်နက်တွေပါ ကိုင်လာတာရယ်။နောက်အခြားပြစ်မှုတွေပါ ရှိ နေလို့ ရှင်းလိုက်တာ”ဟု ပုလောမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(ပျူလည်းဖြစ် ၊စစ်​ကောင်စီခန့်အုပ်ကြီးလည်းဖြစ်​သော​မောင်ယုနှင့် ၎င်းထံမှသိမ်းဆည်းရမိ​သောပစ္စည်းများ။ ဓါတ်ပုံ-PPDF)
(ပျူလည်းဖြစ် ၊စစ်​ကောင်စီခန့်အုပ်ကြီးလည်းဖြစ်​သော​မောင်ယုနှင့် ၎င်းထံမှသိမ်းဆည်းရမိ​သောပစ္စည်းများ။ ဓါတ်ပုံ-PPDF)

ပျူလည်းဖြစ် စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးကို ရှင်းလင်းခဲ့ရာမှ လက်ပစ်ဗုံးနှစ်လုံး၊ လက်ကိုင်ဖုန်း တလုံး၊ Wave i (125) ဆိုင်ကယ်အဖြူတစီး၊ ငွေသား (၉) သိန်းကျပ်၊ မှတ်ပုံတင် (၈) ခု၊ WY စိတ်ကြွဆေး (၈) လုံး နှင့် ခဲပြားတပြား၊ ကွန်ဒုံး (၂) ခု၊ လက်စွပ် (၃) က္ငင်းနှင့်အတူ ဆေးထိုးအပ်၊ ဆေးဝါးများကို သိမ်းဆည်း ရမိခဲ့ကြောင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

(ပျူလည်းဖြစ် ၊စစ်​ကောင်စီခန့်အုပ်ကြီးလည်းဖြစ်​သော​မောင်ယုနှင့် ၎င်းထံမှသိမ်းဆည်းရမိ​သောပစ္စည်းများ။ ဓါတ်ပုံ-PPDF)
(ပျူလည်းဖြစ် ၊စစ်​ကောင်စီခန့်အုပ်ကြီးလည်းဖြစ်​သော​မောင်ယုနှင့် ၎င်းထံမှသိမ်းဆည်းရမိ​သောပစ္စည်းများ။ ဓါတ်ပုံ-PPDF)

မောင်ယုသည် စစ်မှုထမ်းဟောင်း ဖြစ်သည့်အပြင် ပုလောမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ဥက္ကဌအဖြစ် တာဝန်ယူဖူးခဲ့ပြီး ဘိသိက်ဆရာ၊ အပ်ပုန်းဆရာ အနေဖြင့် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

လက်ရှိတော်လှန်ရေးကာလတွင်လည်းစစ်ကောင်စီလမ်းကြောင်းများတွင် လမ်းပြ လုပ်ပေးခြင်း၊ CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ရပ်ရွာ ပြည်သူများအား ခြိမ်းခြောက်ခြင်း၊ လက် နက်ကိုင်ဆောင်ခြင်း စသည်တို့ကို ကျူးလွန်ခဲ့သူ ဟု PRDF က အသိပေးသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။