Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြန်မာဖက် မှောင်ခို တင်သွင်းမယ့် Covid-19 ဆေးဝါးတွေ အိန္ဒိယ ရဲတပ်ဖွဲ့ ဖမ်းမိ

Covid-19 ကာကွယ်ဆေးတွေ၊ ကုသဆေးတွေကို မြန်မာနိုင်ငံဖက် မှောင်ခို တင်သွင်းဖို့ ကြိုးစားသူ ၃ ဦးကို အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မဏိပူရ ပြည်နယ် ရဲတပ်ဖွဲ့က အသက် ၂၂ နှစ်နဲ့ ၃၀ ကြား အိန္ဒိယ နိုင်ငံသား ၃ ဦးကို ဖမ်းဆီးထားကြောင်း အတည်ပြုခဲ့ပြီး အခု သီတင်းပတ်ကုန်မှာ ဒေသခံ တရားရုံး တစ်ခုကို ပို့ဆောင်ပြီး စွဲချက်တင်သွားမယ်လို့ ပြောပါတယ်။ အဲဒီ ၃ ဦးဟာ အိန္ဒိယထုတ် Covid-19 ကာကွယ်ဆေး Covishieldနဲ့ ရောဂါ ကုသရာမှာ သုံးစွဲလေ့ရှိတဲ့ Remdesivirဆေး အပါအဝင် ဆေးဝါး အမျိုးအစား တချို့ကို ကားပေါ်တင်ပြီး မြန်မာဖက် ပို့ဆောင်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

မဏိပူရာ ရဲတပ်ဖွဲ့က မိုဟာမက် ဖာရိုဇ်ခန်း၊ အင်မ်ရန်ခန်းနဲ့ ရှူဘ်ဟမ် ကူမာတို့ကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဖမ်းဆီး ရမိခဲ့တာပါ။ ရဲတွေက အဝေးပြေး လမ်းမပေါ်မှာ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့နောက် ဆေးဝါးတွေ မှောင်ခို ပို့ဆောင်မယ့် မော်တော်ကားကို ဖမ်းမိသွားတာလို့ NDTV သတင်းဌာနက ဖော်ပြပါတယ်။

အဖမ်းခံရသူတွေက သူတို့ဟာ ဆေးတွေကို နယ်စပ်ကနေတဆင့် မြန်မာဖက် မှောင်ခို တင်သွင်းဖို့ စီစဉ်ထားကြောင်း ဝန်ခံခဲ့ပါတယ်။ ရဲတွေက အမှုကို ဆက်လက် စစ်ဆေးနေပြီး နောက်ထပ် ပူးပေါင်း ပါဝင်သူတွေ ရှိမရှိနဲ့ ဆေးတွေကို ဘယ်နေရာကနေ ရလာသလဲ ဆိုတာတွေကို စုံစမ်းနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...