Connect with us

Hi, what are you looking for?

သတင်း

ရဲသတင်းပေးမှုကြောင့် စစ်ကောင်စီဗိုလ်ကြီးနှင့်တပ်သား အသတ်ခံရသည်ဟု စွပ်စွဲခံရ၍ ဆီမီးခုံစခန်းမှူး ထွက်ပြေးတိမ်းရှောင်နေရ

ပြီးခဲ့သည် သြဂုတ် ၁၀ ရက်က ဆီမီးခုံလောင်းကစားဝိုင်းမှပြန်သွားသည့် စစ်ကောင်စီတပ်က ဗိုလ် ကြီးအောင်ကိုကိုနှင့်တပ်သားတစ်ဦး ပစ်ခတ်ခံရပြိီးနောက် သေဆုံးသွားခဲ့သည်။

ဆီမီးခုံမြို့
ဆီမီးခုံမြို့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့တွင် စစ်ကောင်စီတပ် ဗိုလ်တစ်ဦးနှင့်တပ်သားတစ်ဦး ပစ်ခတ်ခံရသည့်ဖြစ်စဥ်၌ PDFထံ သတင်းပေးခဲ့သည်ဟုစွပ်စွဲခံရ၍ ဆီမီးခုံစခန်းမှူး ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည် သြဂုတ် ၁၀ ရက်က ဆီမီးခုံလောင်းကစားဝိုင်းမှပြန်သွားသည့် စစ်ကောင်စီတပ်က ဗိုလ် ကြီးအောင်ကိုကိုနှင့်တပ်သားတစ်ဦး ပစ်ခတ်ခံရပြိီးနောက် သေဆုံးသွားခဲ့သည်။

ထို့နောက် လောင်းကစားသမားများနှင့် ဆီမီးခုံရဲစခန်းကရဲများက သတင်းပေးခဲ့သည်ဟု စွပ်စွဲခံခဲ့ရ၍ ဆီမီးခုံရဲစခန်းမှ စခန်းမှူးထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ရဲအချို့လည်း ဖမ်းဆီးခံထားရသည်ဟု သတင်းထွက်ပေါ်နေကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

ထိုနေ့က စစ်ကောင်စီဗိုလ်ကြီးနှင့် တပ်သားတစ်ဦးအပြင် ပျူစောထီးသုံးဦးလည်း ပစ်ခတ်ရှင်းလင်းခံခဲ့ရသေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

Facebook