Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရဲသတင်းပေးမှုကြောင့် စစ်ကောင်စီဗိုလ်ကြီးနှင့်တပ်သား အသတ်ခံရသည်ဟု စွပ်စွဲခံရ၍ ဆီမီးခုံစခန်းမှူး ထွက်ပြေးတိမ်းရှောင်နေရ

ပြီးခဲ့သည် သြဂုတ် ၁၀ ရက်က ဆီမီးခုံလောင်းကစားဝိုင်းမှပြန်သွားသည့် စစ်ကောင်စီတပ်က ဗိုလ် ကြီးအောင်ကိုကိုနှင့်တပ်သားတစ်ဦး ပစ်ခတ်ခံရပြိီးနောက် သေဆုံးသွားခဲ့သည်။

ဆီမီးခုံမြို့
ဆီမီးခုံမြို့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့တွင် စစ်ကောင်စီတပ် ဗိုလ်တစ်ဦးနှင့်တပ်သားတစ်ဦး ပစ်ခတ်ခံရသည့်ဖြစ်စဥ်၌ PDFထံ သတင်းပေးခဲ့သည်ဟုစွပ်စွဲခံရ၍ ဆီမီးခုံစခန်းမှူး ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည် သြဂုတ် ၁၀ ရက်က ဆီမီးခုံလောင်းကစားဝိုင်းမှပြန်သွားသည့် စစ်ကောင်စီတပ်က ဗိုလ် ကြီးအောင်ကိုကိုနှင့်တပ်သားတစ်ဦး ပစ်ခတ်ခံရပြိီးနောက် သေဆုံးသွားခဲ့သည်။

ထို့နောက် လောင်းကစားသမားများနှင့် ဆီမီးခုံရဲစခန်းကရဲများက သတင်းပေးခဲ့သည်ဟု စွပ်စွဲခံခဲ့ရ၍ ဆီမီးခုံရဲစခန်းမှ စခန်းမှူးထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ရဲအချို့လည်း ဖမ်းဆီးခံထားရသည်ဟု သတင်းထွက်ပေါ်နေကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

ထိုနေ့က စစ်ကောင်စီဗိုလ်ကြီးနှင့် တပ်သားတစ်ဦးအပြင် ပျူစောထီးသုံးဦးလည်း ပစ်ခတ်ရှင်းလင်းခံခဲ့ရသေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။