Connect with us

Hi, what are you looking for?

News

စစ်ကောင်စီလေယာဉ်ပျံဝဲမှုများကြောင့် KNU တပ်မဟာ (၅)နယ်မြေတွင် လေကြောင်းအန္တရာယ် တပ်လှန့်ထား

KNU တပ်မဟာ(၅)သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်များကို စဉ်ဆက်မပြတ် ခုခံတိုက်ခိုက်နေသည့် တပ်မဟာတစ်ခုဖြစ်ပြီး လစဉ် တိုက်ပွဲနှင့် ပစ်ခတ်မှု ရာနှင့်ချီဖြစ်ပွားလျက်ရှိသည်။

People's Spring
People's Spring

အာဏာလုစစ်ကောင်စီအနေဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)နယ်မြေ အတွင်းသို့ ယနေ့ (ဩဂုတ် ၂၅ရက်) တစ်ရက်တည်း လေကြောင်းမှ ထောက်လှမ်းမှု ၃ကြိမ်ပြုလုပ်ခဲ့ကြောင်း တပ်မဟာ(၅) က သတင်းထုတ်ပြန်သည်။

ဖာပွန်(မူတြော်)ခရိုင်အတွင်းရှိ ပေးကေးဒဲ ကျေးရွာ အုပ်စု၊ ဘောသေထာ ကျေးရွာအုပ်စု ထီးကေဒဲ ကျေးရွာအုပ်စု နှင့် တေးမူဒဲကျေးရွာအုပ်စုရှိ ကျေးရွာများ အပေါ်သို့ စစ်သုံးဂျက်တိုက်လေယာဉ်များ ဖြင့် ယနေ့ နံနက်က သုံးကြိမ်တိတိလာရောက် ထောက်လှမ်းသွားကြောင်း ဖော်ပြထားသည်။

မည်သို့ ရည်ရွယ်ချက်ဖြင့် လာရောက်ထောက်လှမ်းသွားသည်ကို မသိရသော်လည်း ကျေးရွာသူ ကျေးရွာသားများစိုးရိမ်ကြောက်လန့်နေမှုအပေါ် ခရိုင်၊ တပ်မဟာ တာဝန်ရှိသူများမှ ရပ်ရွာပြည်သူများအား ဗုံးခိုကျင်း များ၊ ကတုတ်ကျင်းများ နှင့် အခြားအန္တရာယ်ကင်းမည့် နေရာမျိုး၌သာ တပ်လှန့်အနေအထား ဖြင့် သွားလာနေထိုင်ကြရန် ညွှန်ကြားထားကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်သုံးဂျက်တိုက်လေယာဉ်များသည် နံနက် ၈နာရီတွင် တစ်ကြိမ်၊ ၁၀နာရီ ၅၇ မိနစ်တွင် တစ်ကြိမ်၊ ၁၁နာရီ ၁၁မိနစ် တစ်ကြိမ် လာရောက်ထောက်လှမ်းခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၅)သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်များကို စဉ်ဆက်မပြတ် ခုခံတိုက်ခိုက်နေသည့် တပ်မဟာတစ်ခုဖြစ်ပြီး လစဉ် တိုက်ပွဲနှင့် ပစ်ခတ်မှု ရာနှင့်ချီဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook