Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီလေယာဉ်ပျံဝဲမှုများကြောင့် KNU တပ်မဟာ (၅)နယ်မြေတွင် လေကြောင်းအန္တရာယ် တပ်လှန့်ထား

KNU တပ်မဟာ(၅)သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်များကို စဉ်ဆက်မပြတ် ခုခံတိုက်ခိုက်နေသည့် တပ်မဟာတစ်ခုဖြစ်ပြီး လစဉ် တိုက်ပွဲနှင့် ပစ်ခတ်မှု ရာနှင့်ချီဖြစ်ပွားလျက်ရှိသည်။

People's Spring
People's Spring

အာဏာလုစစ်ကောင်စီအနေဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)နယ်မြေ အတွင်းသို့ ယနေ့ (ဩဂုတ် ၂၅ရက်) တစ်ရက်တည်း လေကြောင်းမှ ထောက်လှမ်းမှု ၃ကြိမ်ပြုလုပ်ခဲ့ကြောင်း တပ်မဟာ(၅) က သတင်းထုတ်ပြန်သည်။

ဖာပွန်(မူတြော်)ခရိုင်အတွင်းရှိ ပေးကေးဒဲ ကျေးရွာ အုပ်စု၊ ဘောသေထာ ကျေးရွာအုပ်စု ထီးကေဒဲ ကျေးရွာအုပ်စု နှင့် တေးမူဒဲကျေးရွာအုပ်စုရှိ ကျေးရွာများ အပေါ်သို့ စစ်သုံးဂျက်တိုက်လေယာဉ်များ ဖြင့် ယနေ့ နံနက်က သုံးကြိမ်တိတိလာရောက် ထောက်လှမ်းသွားကြောင်း ဖော်ပြထားသည်။

မည်သို့ ရည်ရွယ်ချက်ဖြင့် လာရောက်ထောက်လှမ်းသွားသည်ကို မသိရသော်လည်း ကျေးရွာသူ ကျေးရွာသားများစိုးရိမ်ကြောက်လန့်နေမှုအပေါ် ခရိုင်၊ တပ်မဟာ တာဝန်ရှိသူများမှ ရပ်ရွာပြည်သူများအား ဗုံးခိုကျင်း များ၊ ကတုတ်ကျင်းများ နှင့် အခြားအန္တရာယ်ကင်းမည့် နေရာမျိုး၌သာ တပ်လှန့်အနေအထား ဖြင့် သွားလာနေထိုင်ကြရန် ညွှန်ကြားထားကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်သုံးဂျက်တိုက်လေယာဉ်များသည် နံနက် ၈နာရီတွင် တစ်ကြိမ်၊ ၁၀နာရီ ၅၇ မိနစ်တွင် တစ်ကြိမ်၊ ၁၁နာရီ ၁၁မိနစ် တစ်ကြိမ် လာရောက်ထောက်လှမ်းခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၅)သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်များကို စဉ်ဆက်မပြတ် ခုခံတိုက်ခိုက်နေသည့် တပ်မဟာတစ်ခုဖြစ်ပြီး လစဉ် တိုက်ပွဲနှင့် ပစ်ခတ်မှု ရာနှင့်ချီဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။