Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းနယ် တောင်တွင်းဒေသတိုက်ပွဲ စစ်ကောင်စီ တပ် လေးဦးသေပြီး ၁၂ဦး ဒဏ်ရာရဟုဆို

တောင်တွင်းဒေသသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ယနေ့(စက်တင်ဘာ ၂၁ရက်) နေ့လယ်တွင် People’s Defence Force Kalay -Mine Team နှင့် မင်းကင်းPDF၊ Yatu Project မှ ပြည်သူ့ရဲဘော်များက တိုက်ခိုက်ခဲ့​​ခြင်းဟု PDF Kalay ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မင်းကင်းနယ် တောင်တွင်းဒေသတိုက်ပွဲ စစ်ကောင်စီ တပ် လေးဦးသေပြီး ၁၂ဦး ဒဏ်ရာရဟုဆို
မင်းကင်းနယ် တောင်တွင်းဒေသတိုက်ပွဲ စစ်ကောင်စီ တပ် လေးဦးသေပြီး ၁၂ဦး ဒဏ်ရာရဟုဆို

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

တောင်တွင်းဒေသသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ယနေ့(စက်တင်ဘာ ၂၁ရက်) နေ့လယ်တွင် People’s Defence Force Kalay -Mine Team နှင့် မင်းကင်းPDF၊ Yatu Project မှ ပြည်သူ့ရဲဘော်များက တိုက်ခိုက်ခဲ့​​ခြင်းဟု PDF Kalay ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အဓိကကတော့ မိုင်းဆွဲတိုက်ခိုက်တာ။ ဒီနေ့တိုက်တဲ့အဖွဲ့တွေက မိုင်းမှာ ဆရာတွေချည်းပဲ။ စစ်ကောင်စီဘက်က လေးယောက်သေပြီး ၁၂ယောက် ဒဏ်ရာရသွားတယ်”ဟု ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကလေးမှ ပြန်ကြားရေးအဖွဲ့ဝင်က ရှင်းပြသည်။

မင်းကင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့​သည် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လက် အောက်တွင် ဖွဲ့စည်းထားသည်။မိုင်းကျွမ်းကျင်သူများ အဓိကပါဝင်ဖွဲ့စည်းထားသည့် People’s Defence Force Kalay -Mine Team နှင့် Yatu Project တို့မှာလည်း ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဦးဆောင်မှုအောက်တွင် ဖွဲ့စည်းထား​ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။