Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်က ကြက်ဆူအိုင့် ရွာ၌ ညအိပ်ပြီးနောက် နေအိမ်လေးလုံးမီးရှို့ဖျက်ဆီးသွား

စက်တင်ဘာ ၂၅ ရက်နံနက်ပိုင်းက မြိုင်မြို့နယ် ကျောက်ခွက်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူမျုးအား မြိုင်(ပကဖ)အဖွဲ့က မိုင်းပွိုင့်အကြီး ၂ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သေးသည်။

(ကြက်ဆူအိုင့်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ-We Love Myaing)
(ကြက်ဆူအိုင့်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ-We Love Myaing)

မကွေးတိုင်း ပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောသည်။

မီးရှို့ခဲ့သော စစ်ကောင်စီတပ်သည်စက်တင်ဘာ ၂၅ ရက် ညက ကြက်ဆူအိုင့်ကျေးရွာ၌ ညအိပ်ခဲ့ပြီးနောက် ယမန်နေ့(စက်တင်ဘာ ၂၆ ရက်)နံနက် ၇ နာရီခန့်တွင် မီးရှို့ဖျက်ဆီးကာ ထွက်ခွာသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ကြက်ဆူအိုင့်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ-We Love Myaing)
(ကြက်ဆူအိုင့်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ-We Love Myaing)

ကြက်ဆူအိုင့်ရွာကို မီးရှို့ဖျက်ဆီးသွားခဲ့သည့် စစ်ကောင်စီတပ်များသည် နံနက် ၉ နာရီခန့်တွင် ထွက်ခွာသွားပြီးနောက် သရက်ကန်ရွာနှင့် ကြက်ဆူအိုင့်ရွာကြား အာဆီယံလမ်းဘေးရှိ ရေနှံမှော်များကို ဝင်ရောက်မွှေနှောက်ခဲ့ကြောင်း၊ ညနေ ၄ နာရီခွဲခန့်တွင် သရက်ကန်ရွာအတွင်းသို့ဝင်ရောက်သွားကြောင်း နယ်ခံများက ပြောသည်။

“စစ်ကြောင်းကဘယ်ကို ဆက်ထွက်မလဲဆိုတာခန့်မှန်းရခက်တာကြောင့် မိဘပြည်သူများအနေနဲ့ စစ်ကြောင်းသတင်းများကို နားစွင့်ပြီး အထူးသတိထားရှောင်ရှားကြဖို့ အသိပေးအပ်ပါတယ်။” ဟု We Love Myaing အဖွဲ့က သတိပေးသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၂၅ ရက်နံနက်ပိုင်းက မြိုင်မြို့နယ် ကျောက်ခွက်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူမျုးအား မြိုင်(ပကဖ)အဖွဲ့က မိုင်းပွိုင့်အကြီး ၂ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သေးသည်။

မြိုင်နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေ၍ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။