Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်နယ်တွင် တစ်လအတွင်းတိုက်ပွဲပြင်းထန်မှုအခြေအနေ KNDF ထုတ်ပြန်

မိမိတို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဘက်မှ ရဲဘော်(၅)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျဆုံးသွားသောရဲဘော်များအား အာဇာနည်သူရဲကောင်းများအစြဖ် အစဉ်အမြဲလေးစားဂုဏ်ယူစွာ မှတ်တမ်းတင်အလေးပြုပါသည်ဟု KNDF မှ ဆိုပါသည်။

ကရင်နီပြည်နယ်တွင် တစ်လအတွင်းတိုက်ပွဲပြင်းထန်မှုအခြေအနေ KNDF ထုတ်ပြန်
ကရင်နီပြည်နယ်တွင် တစ်လအတွင်းတိုက်ပွဲပြင်းထန်မှုအခြေအနေ KNDF ထုတ်ပြန်

ကရင်နီပြည်နယ်တွင် စက်တင်ဘာလ တစ်လတာအတွင်း ကရင်နီပူးပေါင်းတပ်များနှင့် စစ်တပ်အကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ တစ်ရာကျော် သေဆုံးကာ စစ်ကောင်စီတပ်လက်ချက်ကြောင့် အရပ်သား(၁၃)ဦးသေဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ သတင်းထုတ်ပြန်သည်။

စက်တင်ဘာလအစပိုင်းမှစ၍ စစ်ကောင်စီတပ်သည် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုလမ်းမကြီးတစ်ကြောအား စစ်ကြောင်းထိုးတပ်ဖြန့်ခဲ့သလို ဒီးမော့ဆို၊ နန်းမယ်ခုံ၊ မိုးဗြဲလမ်းမကြီးကိုလည်း စစ်ရေးအရထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးခြင်းများပြုလုပ်ခဲ့ပြီး လက်ရှိအချိန်ထိလည်း အဆိုပါနေရာများတွင် တပ်ဖြန့်ခြင်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ကရင်နီပြည်နယ်တွင် တစ်လအတွင်းတိုက်ပွဲပြင်းထန်မှုအခြေအနေ KNDF ထုတ်ပြန်
ကရင်နီပြည်နယ်တွင် တစ်လအတွင်းတိုက်ပွဲပြင်းထန်မှုအခြေအနေ KNDF ထုတ်ပြန်

ထိုကာလအတောအတွင်း မိမိတို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ကရင်နီတပ်မတော်(KA)၊ အခြားမဟာမိတ်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ဖရူဆို၊ ဒီးမော့ဆို၊ လွိုင်ကော်၊ မိုးဗြဲဒေသတို့တွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး စက်တင်ဘာလကုန်အထိ ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ စက်တင်ဘာလ တစ်လတာအတွင်း ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင်(၁၈)ကြိမ်၊ ဖရူဆိုမြို့နယ်တွင်(၁၄)ကြိမ်၊ လွိုင်ကော်မြို့နယ်တွင်(၁၁)ကြိမ်၊ ဖယ်ခုံနှင့် မိုးဗြဲမြို့တွင် (၉)ကြိမ် ရှားတောမြို့နယ်တွင်(၃)ကြိမ်နှင့် ဘောလခဲမြို့နယ်တွင် (၂)ကြိမ် စုစုပေါင်း ထိတွေ့တိုက်ပွဲပေါင်း(၅၇)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ (၁၀၄)ဦးသေဆုံးခဲ့ပြီး (၆၀)ကျော် ဒဏ်ရာရရှိခဲ့တဲ့အပြင် စစ်ကားတစ်စီးကိုပါဖျက်ဆီးနိုင်ခဲ့ကာ MA-1 သေနတ်သုံးလက်၊ MA-2 သုံးလက်၊ MA-3 ရှစ်လက်၊ MG စက်သေနတ်တစ်လက်၊ (၆၀)မမအသီး၊ RPG အသီး၊ စွပ်ဗုံးနှင့် ခဲယမ်းများ အသုံးအဆောင်များကို သိမ်းဆည်းနိုင်ခဲ့သည်ဟု KNDF မှ ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ်တွင် တစ်လအတွင်းတိုက်ပွဲပြင်းထန်မှုအခြေအနေ KNDF ထုတ်ပြန်
ကရင်နီပြည်နယ်တွင် တစ်လအတွင်းတိုက်ပွဲပြင်းထန်မှုအခြေအနေ KNDF ထုတ်ပြန်

မိမိတို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဘက်မှ ရဲဘော်(၅)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျဆုံးသွားသောရဲဘော်များအား အာဇာနည်သူရဲကောင်းများအစြဖ် အစဉ်အမြဲလေးစားဂုဏ်ယူစွာ မှတ်တမ်းတင်အလေးပြုပါသည်ဟု KNDF မှ ဆိုပါသည်။

တစ်လတာတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများ အလွန်အကျွံအသုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံများ၏ နေအိမ်(၁၀၀)ကျော်၊ ဘုရားကျောင်းနှစ်ကျောင်း ပျက်စီးခဲ့သလို ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု(၁၆)ကြိမ်ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်မှသိရသည်။

ကရင်နီပြည်နယ်တွင် တစ်လအတွင်းတိုက်ပွဲပြင်းထန်မှုအခြေအနေ KNDF ထုတ်ပြန်
ကရင်နီပြည်နယ်တွင် တစ်လအတွင်းတိုက်ပွဲပြင်းထန်မှုအခြေအနေ KNDF ထုတ်ပြန်

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် မိုင်းထောင်ခြင်းကြောင့် အရပ်သားပြည်သူ(၁၃)ဦးသေဆုံးခဲ့ပြီး (၂၃)ဦး ဒဏ်ရာရခဲ့သည်ဟု KNDF ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်အတွင်း စစ်အင်အားများတိုးချဲ့၍ စစ်ကြောင်းထိုးခြင်း၊ တပ်ဖြန့်ခြင်းများအား နေ့စဉ်လုပ်ဆောင်နေသလို ၎င်းတို့စစ်ကြောင်းထိုးတပ်စွဲထားခဲ့သော် နေရာများတွင်းလည်း မိုင်းထောင်ခဲ့ခြင်းများကို ပြုလုပ်ထားသောကြောင့် တိုက်ပွဲများဖြစ်ပွားရာနေရာနှင့် ဖြစ်ပွားပြီးသောနေရာများအနီးရှိ ကျေးရွားများသို့ ဒေသခံများအနေဖြင့် နေရပ်ပြန်ခြင်းများကို အလျင်စလိုမပြုလုပ်ကြရန် KNDF မှ တိုက်တွန်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။