Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းအတွက် ဒုံးကျည်ပစ် လက်နက်ကြီး စနစ်တွေ ထပ်မံ ပို့ဆောင်မယ်လို့ အမေရိကန် ကတိပြု

အခုဆိုရင် ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန် ကတည်းက ယူကရိန်းအတွက် အမေရိကန်က သုံးစွဲထားတဲ့ စစ်ရေးထောက်ပံ့စရိတ်ဟာ ဒေါ်လာ ၁၆.၈ ဘီလီယံ ကျော်လွန်လာပြီလို့လည်း သိရပါတယ်။

ယူကရိန်းအတွက် ဒုံးကျည်ပစ် လက်နက်ကြီး စနစ်တွေ ထပ်မံ ပို့ဆောင်မယ်လို့ အမေရိကန် ကတိပြု
ယူကရိန်းအတွက် ဒုံးကျည်ပစ် လက်နက်ကြီး စနစ်တွေ ထပ်မံ ပို့ဆောင်မယ်လို့ အမေရိကန် ကတိပြု

ယူကရိန်းအတွက် လိုအပ်နေတဲ့ ဒုံးကျည်ပစ် လက်နက်ကြီး စနစ်တွေ ထပ်မံ ပေးပို့ ထောက်ပံ့သွားမယ်လို့ အမေရိကန် အစိုးရက ကတိပြုခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဒေါ်လာ ၆၂၅ သန်းဖိုး လုံခြုံရေး အထောက်အပံ့တွေ ယူကရိန်းဆီ ပေးပို့သွားမယ်လို့ အောက်တိုဘာ ၂၄ ရက်က ပြောကြားခဲ့ပါတယ်။ အဲဒီထဲမှာ လက်ရှိ ယူကရိန်း တပ်ဖွဲ့တွေ အောင်အောင်မြင်မြင် အသုံးပြုနေတဲ့ ဒုံးကျည် စနစ်တွေပါ ထပ်မံ ပါဝင်လာမှာပါ။

HIMARS ရွေ့လျား အခြေစိုက် ဒုံးကျည်တွေဟာ နိုင်ငံ အရှေ့ဖျား ဒေသတွေမှာ ဆင်နွှဲနေတဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အစီအမံတွေ အောင်မြင်နေခြင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုလို့ ဆိုနိုင်ပါတယ်။ ယူကရိန်းဟာ HIMARSတွေကို အသုံးပြုလာနိုင် ကတည်းက စစ်မြေပြင်မှာ သိသာတဲ့ အပြောင်းအလဲတွေ ဖြစ်လာပြီး ရုရှားတပ်တွေ အသည်းအသန် ဆုတ်ခွာနေရပါတယ်။

ဘိုင်ဒန်က ရုရှားရဲ့ ကျူးကျော်မှုကို ယူကရိန်းက ကြံ့ကြံ့ခံ တွန်းလှန်နေရတဲ့ ကာလတလျှောက်လုံး အမေရိကန်က ဆက်လက် ပံ့ပိုးနေမယ်လို့ ပြောပါတယ်။ ဒီအတောအတွင်း အမေရိကန် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်ကလည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ ဖုန်းဆက် ဆွေးနွေးချိန်မှာ ယူကရိန်း နယ်မြေတွေကို ပိုင်နက်အဖြစ် သိမ်းသွင်းတဲ့ ရုရှားရဲ့ ကြေညာချက်ကို လုံးဝ အသိအမှတ် မပြုကြောင်း အာမခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်က ယူကရိန်းဆီ ပေးပို့မယ့် စစ်လက်နက်တွေထဲမှာ HIMARS ဒုံးကျည်ပစ်စင် ၄ ခုနဲ့ ဒုံးကျည်တွေ၊ ဟောင်ဝစ်ဇာ စက်အမြောက် ၃၂ နက်၊ ကျည်ဆန်အတောင့် ၇၅၀၀၀ နဲ့ မိုင်းဒဏ်ခံ သံချပ်ကာယာဉ် အစီး ၂၀၀ တို့ ပါဝင်မယ်လို့ သိရပါတယ်။

Lockheed Martin ကုမ္ပဏီက ထုတ်လုပ်တဲ့ HIMARSတွေဟာ တာဝေးပစ်မှတ်တွေကို တိတိကျကျ ချေမှုန်းနိုင်စွမ်း ရှိနေပြီး စစ်မြေပြင်မှာ ရုရှားရဲ့ လက်နက်ကြီးပစ်ကူ အင်အားသာလွန်မှုကို ယူကရိန်းက ရိုက်ချိုးနိုင်ခဲ့ပါတယ်။ ဘိုင်ဒန်က အမေရိကန်တပ်တွေ အသုံးပြုနေတဲ့ HIMARS စနစ်ပေါင်း ၂၀ ကို ယူကရိန်းဆီ ပေးပို့ဖို့ ရည်ရွယ်ထားကြောင်းလည်း အတည်ပြု ပြောကြားထားပါတယ်။

အခုဆိုရင် ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန် ကတည်းက ယူကရိန်းအတွက် အမေရိကန်က သုံးစွဲထားတဲ့ စစ်ရေးထောက်ပံ့စရိတ်ဟာ ဒေါ်လာ ၁၆.၈ ဘီလီယံ ကျော်လွန်လာပြီလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။