Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်းအတွက် ဒုံးကျည်ပစ် လက်နက်ကြီး စနစ်တွေ ထပ်မံ ပို့ဆောင်မယ်လို့ အမေရိကန် ကတိပြု

အခုဆိုရင် ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန် ကတည်းက ယူကရိန်းအတွက် အမေရိကန်က သုံးစွဲထားတဲ့ စစ်ရေးထောက်ပံ့စရိတ်ဟာ ဒေါ်လာ ၁၆.၈ ဘီလီယံ ကျော်လွန်လာပြီလို့လည်း သိရပါတယ်။

ယူကရိန်းအတွက် ဒုံးကျည်ပစ် လက်နက်ကြီး စနစ်တွေ ထပ်မံ ပို့ဆောင်မယ်လို့ အမေရိကန် ကတိပြု
ယူကရိန်းအတွက် ဒုံးကျည်ပစ် လက်နက်ကြီး စနစ်တွေ ထပ်မံ ပို့ဆောင်မယ်လို့ အမေရိကန် ကတိပြု

ယူကရိန်းအတွက် လိုအပ်နေတဲ့ ဒုံးကျည်ပစ် လက်နက်ကြီး စနစ်တွေ ထပ်မံ ပေးပို့ ထောက်ပံ့သွားမယ်လို့ အမေရိကန် အစိုးရက ကတိပြုခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဒေါ်လာ ၆၂၅ သန်းဖိုး လုံခြုံရေး အထောက်အပံ့တွေ ယူကရိန်းဆီ ပေးပို့သွားမယ်လို့ အောက်တိုဘာ ၂၄ ရက်က ပြောကြားခဲ့ပါတယ်။ အဲဒီထဲမှာ လက်ရှိ ယူကရိန်း တပ်ဖွဲ့တွေ အောင်အောင်မြင်မြင် အသုံးပြုနေတဲ့ ဒုံးကျည် စနစ်တွေပါ ထပ်မံ ပါဝင်လာမှာပါ။

HIMARS ရွေ့လျား အခြေစိုက် ဒုံးကျည်တွေဟာ နိုင်ငံ အရှေ့ဖျား ဒေသတွေမှာ ဆင်နွှဲနေတဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အစီအမံတွေ အောင်မြင်နေခြင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုလို့ ဆိုနိုင်ပါတယ်။ ယူကရိန်းဟာ HIMARSတွေကို အသုံးပြုလာနိုင် ကတည်းက စစ်မြေပြင်မှာ သိသာတဲ့ အပြောင်းအလဲတွေ ဖြစ်လာပြီး ရုရှားတပ်တွေ အသည်းအသန် ဆုတ်ခွာနေရပါတယ်။

ဘိုင်ဒန်က ရုရှားရဲ့ ကျူးကျော်မှုကို ယူကရိန်းက ကြံ့ကြံ့ခံ တွန်းလှန်နေရတဲ့ ကာလတလျှောက်လုံး အမေရိကန်က ဆက်လက် ပံ့ပိုးနေမယ်လို့ ပြောပါတယ်။ ဒီအတောအတွင်း အမေရိကန် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်ကလည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ ဖုန်းဆက် ဆွေးနွေးချိန်မှာ ယူကရိန်း နယ်မြေတွေကို ပိုင်နက်အဖြစ် သိမ်းသွင်းတဲ့ ရုရှားရဲ့ ကြေညာချက်ကို လုံးဝ အသိအမှတ် မပြုကြောင်း အာမခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်က ယူကရိန်းဆီ ပေးပို့မယ့် စစ်လက်နက်တွေထဲမှာ HIMARS ဒုံးကျည်ပစ်စင် ၄ ခုနဲ့ ဒုံးကျည်တွေ၊ ဟောင်ဝစ်ဇာ စက်အမြောက် ၃၂ နက်၊ ကျည်ဆန်အတောင့် ၇၅၀၀၀ နဲ့ မိုင်းဒဏ်ခံ သံချပ်ကာယာဉ် အစီး ၂၀၀ တို့ ပါဝင်မယ်လို့ သိရပါတယ်။

Lockheed Martin ကုမ္ပဏီက ထုတ်လုပ်တဲ့ HIMARSတွေဟာ တာဝေးပစ်မှတ်တွေကို တိတိကျကျ ချေမှုန်းနိုင်စွမ်း ရှိနေပြီး စစ်မြေပြင်မှာ ရုရှားရဲ့ လက်နက်ကြီးပစ်ကူ အင်အားသာလွန်မှုကို ယူကရိန်းက ရိုက်ချိုးနိုင်ခဲ့ပါတယ်။ ဘိုင်ဒန်က အမေရိကန်တပ်တွေ အသုံးပြုနေတဲ့ HIMARS စနစ်ပေါင်း ၂၀ ကို ယူကရိန်းဆီ ပေးပို့ဖို့ ရည်ရွယ်ထားကြောင်းလည်း အတည်ပြု ပြောကြားထားပါတယ်။

အခုဆိုရင် ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန် ကတည်းက ယူကရိန်းအတွက် အမေရိကန်က သုံးစွဲထားတဲ့ စစ်ရေးထောက်ပံ့စရိတ်ဟာ ဒေါ်လာ ၁၆.၈ ဘီလီယံ ကျော်လွန်လာပြီလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။