Connect with us

Hi, what are you looking for?

သတင်း

CDM သူနာပြုဆရာမတစ်ဦး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ် ကျော်သွားရောက်စဉ် ထိုင်းရဲကဖမ်းဆီး၍ မြစ်အတွင်းခုန်ချ​ရေကူးစဥ်​ရေနစ်​သေဆုံး

“သူကခက်ခဲပေမယ့်အရှုံးမပေးဘဲ နောက်ဆုံးချိန်ထိကြိုးစားခဲ့တာပါ”ဟု သူနာပြုဆရာမသိင်္ဂီ၏ မိတ်​ဆွေတစ်ဦးကလည်း​ပြောသည်။

CDM သူနာပြုဆရာမတစ်ဦး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ် ကျော်သွားရောက်စဉ် ရဲတပ်ဖွဲ့ကဖမ်းဆီး၍ ချောင်းအတွင်း ခုန်ချအဆုံးစီရင်
CDM သူနာပြုဆရာမတစ်ဦး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ် ကျော်သွားရောက်စဉ် ရဲတပ်ဖွဲ့ကဖမ်းဆီး၍ ချောင်းအတွင်း ခုန်ချအဆုံးစီရင်

ကရင်ပြည်နယ်မှ CDM သူနာပြုဆရာမတစ်ဦးသည် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ပြီး အောက်လမ်းမှ သွားရောက်စဉ် ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးမှုကြုံတွေ့၍​သောင်းရင်းမြစ်အတွင်း ခုန်ချ၍​ရေကူးစဥ် ​ရေနစ်​သေဆုံးခဲ့သည်။

သူငယ်ချင်းများက အနောဟု ချစ်စနိုးခေါ်ကြသည့် CDM သူနာပြုဆရာမ မသိင်္ဂီသည် အောက်တိုဘာ ၇ ရက်တွင် ထိုင်း-မြန်မာ နယ်စပ်တစ်​နေရာတွင်အထက်ပါဖြစ်ရပ်ကြုံတွေ့ခဲ့ခြင်းဖြစ်​ကြောင်း၎င်း၏မိန်​ဆွေများက​ပြောသည်။

“ဆရာမသိင်္ဂီက CDM ကိုတောင့်ခံပြီး နေခဲ့တာ။ သူ့ယောင်္ကျားနဲ့အတူ ထိုင်းမှာ အလုပ်သွားလုပ်ရင်း ပုလိပ်(ထိုင်းရဲ) လိုက်ဖမ်းလို့ ထွက်ပြေးရင်း ဖြစ်သွားတာ”ဟု ဆရာမသိင်္ဂီ၏ သူငယ်ချင်းတစ်ဦးက ပြောသည်။

ဆရာမသိင်္ဂီနှင့် သူမ၏ အမျိုးသားသည် ထိုင်းရဲတပ်ဖွဲ့က လိုက်ဖမ်း၍ နှစ်ဦးစလုံးထွက်ပြေးစဥ် ဆရာမသိင်္ဂီက ​သောင်းရင်းမြစ်အတွင်းခုန်ချ​ရေကူးစဥ် ဆက်လက်မကူးနိုင်​တော့ဘဲ ​ရေနစ်​သေဆုံးခဲ့ခြင်းဟု သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၂၅ နှစ်ခန့်သာ ရှိသေးသည်။ ဇာတိမြေတွင် ၎င်း၏ ကလေးငယ်တစ်ဦးလည်း ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အာဏာရူးတွေကိုလည်းမုန်းတယ်။ နင်တို့တွေကြောင့် ဒီလိုဖြစ်ရတာ။ငါ့သူငယ်ချင်းတွေ ဒုက္ခရောက်နေတာမြင်လေ ပိုနာကျည်းလေပဲ။ ပညာတတ်တွေ သူများနိုင်ငံ ခိုးဝင်ကြရ၊အောက်ခြေသိမ်း အလုပ် လုပ်ကြရ၊အနာဂတ်ပျောက်ရ”ဟု ဆရာမသိင်္ဂီ၏ သူငယ်ချင်းတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

“သူကခက်ခဲပေမယ့်အရှုံးမပေးဘဲ နောက်ဆုံးချိန်ထိကြိုးစားခဲ့တာပါ”ဟု သူနာပြုဆရာမသိင်္ဂီ၏ မိတ်​ဆွေတစ်ဦးကလည်း​ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းမှု၊အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာမှုများကြောင့် လူငယ်အများအပြားမှာ ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်မှု စံချိန်တင် များပြားနေသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်ကြသည့် မြန်မာများ မကြားခဏအဖမ်းခံရသလို လမ်းခုလတ်တွင် ယာဉ်တိမ်းမှောက်၍ သေဆုံးသည့် ဖြစ်ရပ်များလည်း မကြာခဏ ဖြစ်ပေါ်နေသည်။

(အမှားပြင်ဆင်ချက်-ယခုသတင်းကို ကနဦးတွင် သူနာပြုဆရာမသိင်္ဂီသည်​ချောက်အတွင်းခုန်ချ အဆုံးစီရင်မှုဟု People’s Spring ကမှားယွင်း​ဖော်ပြမိခဲ့ပါသည်။အဖြစ်မှန်မှာ ​သောင်းရင်းမြစ်အတွင်းခုန်းချ၍လွတ်​မြောက်​အောင်​ရေကူးစဥ်​ရေဆက်မကူးနိုင်​တော့ဘဲ ​ရေနစ်​သေဆုံးခဲ့ခြင်းဖြစ်​ပါသည်။ထို​ကြောင့်သတင်းကို ပြန်လည်ပြင်ဆင်​ဖော်ပြထားပြီး ၊ကနဦးမှားယွင်း​ဖော်ပြမှူအတွက် ကာယကံရှင်မိသားစုနှင့် စာဖတ်သူများကို​တောင်းပန်အပ်ပါသည်။)

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

Facebook