Connect with us

Hi, what are you looking for?

သတင်း

CDM သူနာပြုဆရာမတစ်ဦး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ် ကျော်သွားရောက်စဉ် ထိုင်းရဲကဖမ်းဆီး၍ မြစ်အတွင်းခုန်ချ​ရေကူးစဥ်​ရေနစ်​သေဆုံး

“သူကခက်ခဲပေမယ့်အရှုံးမပေးဘဲ နောက်ဆုံးချိန်ထိကြိုးစားခဲ့တာပါ”ဟု သူနာပြုဆရာမသိင်္ဂီ၏ မိတ်​ဆွေတစ်ဦးကလည်း​ပြောသည်။

CDM သူနာပြုဆရာမတစ်ဦး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ် ကျော်သွားရောက်စဉ် ရဲတပ်ဖွဲ့ကဖမ်းဆီး၍ ချောင်းအတွင်း ခုန်ချအဆုံးစီရင်
CDM သူနာပြုဆရာမတစ်ဦး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ် ကျော်သွားရောက်စဉ် ရဲတပ်ဖွဲ့ကဖမ်းဆီး၍ ချောင်းအတွင်း ခုန်ချအဆုံးစီရင်

ကရင်ပြည်နယ်မှ CDM သူနာပြုဆရာမတစ်ဦးသည် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ပြီး အောက်လမ်းမှ သွားရောက်စဉ် ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးမှုကြုံတွေ့၍​သောင်းရင်းမြစ်အတွင်း ခုန်ချ၍​ရေကူးစဥ် ​ရေနစ်​သေဆုံးခဲ့သည်။

သူငယ်ချင်းများက အနောဟု ချစ်စနိုးခေါ်ကြသည့် CDM သူနာပြုဆရာမ မသိင်္ဂီသည် အောက်တိုဘာ ၇ ရက်တွင် ထိုင်း-မြန်မာ နယ်စပ်တစ်​နေရာတွင်အထက်ပါဖြစ်ရပ်ကြုံတွေ့ခဲ့ခြင်းဖြစ်​ကြောင်း၎င်း၏မိန်​ဆွေများက​ပြောသည်။

“ဆရာမသိင်္ဂီက CDM ကိုတောင့်ခံပြီး နေခဲ့တာ။ သူ့ယောင်္ကျားနဲ့အတူ ထိုင်းမှာ အလုပ်သွားလုပ်ရင်း ပုလိပ်(ထိုင်းရဲ) လိုက်ဖမ်းလို့ ထွက်ပြေးရင်း ဖြစ်သွားတာ”ဟု ဆရာမသိင်္ဂီ၏ သူငယ်ချင်းတစ်ဦးက ပြောသည်။

ဆရာမသိင်္ဂီနှင့် သူမ၏ အမျိုးသားသည် ထိုင်းရဲတပ်ဖွဲ့က လိုက်ဖမ်း၍ နှစ်ဦးစလုံးထွက်ပြေးစဥ် ဆရာမသိင်္ဂီက ​သောင်းရင်းမြစ်အတွင်းခုန်ချ​ရေကူးစဥ် ဆက်လက်မကူးနိုင်​တော့ဘဲ ​ရေနစ်​သေဆုံးခဲ့ခြင်းဟု သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၂၅ နှစ်ခန့်သာ ရှိသေးသည်။ ဇာတိမြေတွင် ၎င်း၏ ကလေးငယ်တစ်ဦးလည်း ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အာဏာရူးတွေကိုလည်းမုန်းတယ်။ နင်တို့တွေကြောင့် ဒီလိုဖြစ်ရတာ။ငါ့သူငယ်ချင်းတွေ ဒုက္ခရောက်နေတာမြင်လေ ပိုနာကျည်းလေပဲ။ ပညာတတ်တွေ သူများနိုင်ငံ ခိုးဝင်ကြရ၊အောက်ခြေသိမ်း အလုပ် လုပ်ကြရ၊အနာဂတ်ပျောက်ရ”ဟု ဆရာမသိင်္ဂီ၏ သူငယ်ချင်းတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

“သူကခက်ခဲပေမယ့်အရှုံးမပေးဘဲ နောက်ဆုံးချိန်ထိကြိုးစားခဲ့တာပါ”ဟု သူနာပြုဆရာမသိင်္ဂီ၏ မိတ်​ဆွေတစ်ဦးကလည်း​ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းမှု၊အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာမှုများကြောင့် လူငယ်အများအပြားမှာ ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်မှု စံချိန်တင် များပြားနေသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်ကြသည့် မြန်မာများ မကြားခဏအဖမ်းခံရသလို လမ်းခုလတ်တွင် ယာဉ်တိမ်းမှောက်၍ သေဆုံးသည့် ဖြစ်ရပ်များလည်း မကြာခဏ ဖြစ်ပေါ်နေသည်။

(အမှားပြင်ဆင်ချက်-ယခုသတင်းကို ကနဦးတွင် သူနာပြုဆရာမသိင်္ဂီသည်​ချောက်အတွင်းခုန်ချ အဆုံးစီရင်မှုဟု People’s Spring ကမှားယွင်း​ဖော်ပြမိခဲ့ပါသည်။အဖြစ်မှန်မှာ ​သောင်းရင်းမြစ်အတွင်းခုန်းချ၍လွတ်​မြောက်​အောင်​ရေကူးစဥ်​ရေဆက်မကူးနိုင်​တော့ဘဲ ​ရေနစ်​သေဆုံးခဲ့ခြင်းဖြစ်​ပါသည်။ထို​ကြောင့်သတင်းကို ပြန်လည်ပြင်ဆင်​ဖော်ပြထားပြီး ၊ကနဦးမှားယွင်း​ဖော်ပြမှူအတွက် ကာယကံရှင်မိသားစုနှင့် စာဖတ်သူများကို​တောင်းပန်အပ်ပါသည်။)

ဆက်စပ်သတင်းများ

ဆောင်းပါး

တစ်နေ့လုပ်ခ ဘတ် ၄၀၀ ရတယ်ဆိုပါစို့။ အရင်က မိသားစု စားဖို့တောင် သူများဆီက ငွေချေးနေရတဲ့သူတစ်ယောက်အတွက် ဒီငွေဟာ ဘယ်လောက်တောင် အဓိပ္ပာယ်ရှိမလဲ။ ကိုယ့်ဝမ်းကိုယ် ကျောင်းနိုင်ဖို့၊ မိဘတွေရဲ့ ကျန်းမာရေးအတွက် ငွေပို့ပေးနိုင်ဖို့၊ နောက်တစ်နေ့ ဘာစားရမလဲဆိုတဲ့ စိုးရိမ်စိတ် မရှိဘဲ အိပ်ပျော်နိုင်ဖို့ဆိုတာ သူတို့အတွက် အိပ်မက်တစ်ခုလိုပါပဲ။

သတင်း

ရေဘေးနဲ့မြေပ်ြိမှုဘေးကြုံတွေ့နေတဲ့ လောင်းလုံမြို့နယ်ကျောက်နီမော်ရွာကိုသွားရောက်တဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။

အတွေးအမြင်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ သက်တမ်းကာလမှာ ရဲတွေဟာ အင်မတန်မှ မလူးသာမလွန့်သာ ရှိခဲ့ရတယ်။ အကြောင်းကတော့ လာဘ်စားဖို့ ယခင်စစ်တပ်အုပ်ချုပ်စဥ်ကာလတွေလောက် အခြေအနေ မကောင်းကြတော့လို့ပါပဲ။

ဆောင်းပါး

ပြည်ပရောက် အတိုက်အခံနဲ့ CDM များကို စစ်အုပ်စုက ခြေရာခံပုံ