Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဆိုင်ကယ်စီးအမျိုးသမီး ၂ ဦး ဆွဲကြိုးဖြတ်လုခံ

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေး ဟာ မြို့ပေါ်မှာတင် လုယက်တာ ၊ဓားပြတိုက်တာ ၊သတ်ဖြတ်တာတွေ မကြာခဏ ဖြစ်ပွားနေတာပါ။

မန္တလေးမှာ ဆိုင်ကယ်စီးအမျိုးသမီး ၂ ဦး ဆွဲကြိုးဖြတ်လုခံ
မန္တလေးမှာ ဆိုင်ကယ်စီးအမျိုးသမီး ၂ ဦး ဆွဲကြိုးဖြတ်လုခံ

မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်အတွင်း နေ့လယ်အချိန်မှာ ဆိုင်ကယ်စီး အမျိုးသမီး ၂ ဦး ဆွဲကြိုးဖြုတ်လုခံရလို့ ဆိုင်ကယ်မှောက်ကာ ဒဏ်ရာအပြင်းအထန်ရသွားပါတယ်။

မနေ့က မွန်းလွဲပိုင်း ၁ နာရီဝန်းကျင် မြောက်ပြင်ရပ် ၈၈ လမ်းနဲ့ ၁၄ လမ်း မှာ ဆိုင်ကယ်စီးလာတဲ့အမျိုးသမီး ၂ ဦးကိုနောက်ကနေ လိုက်လာတဲ့ ဆိုင်ကယ်ပေါ်ကနေ ဆွဲကြိုးကို ဖြတ်လုတာလို့အခင်းဖြစ်တဲ့ နေရာတဝိုက်က ဒေသခံအချို့ကပြောပြပါတယ်။

မန္တလေးမှာ ဆိုင်ကယ်စီးအမျိုးသမီး ၂ ဦး ဆွဲကြိုးဖြတ်လုခံ
မန္တလေးမှာ ဆိုင်ကယ်စီးအမျိုးသမီး ၂ ဦး ဆွဲကြိုးဖြတ်လုခံ

ဆွဲကြိုးကို ဆွဲလုတဲ့အရှိန်ကြောင့် ဆိုင်ကယ်စီးအမျိုးသမီး ၂ ဦးဟာ ဆိုင်ကယ်မှောက်သွားပြီး ၁ ဦးဟာ ဦးခေါင်းထိခိုက်သွားတယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေး ဟာ မြို့ပေါ်မှာတင် လုယက်တာ ၊ဓားပြတိုက်တာ ၊သတ်ဖြတ်တာတွေ မကြာခဏ ဖြစ်ပွားနေတာပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်ကတော့ မန္တလေးမြို့ပေါ်မှာ ဖြစ်ပွားတဲ့ ခိုးဆိုး၊လုယက်၊ဓားပြတိုက်လူသတ်မှုတွေနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။

နိုင်ငံတကာ

မိုနာကိုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုရဲ့ အဓိက သံသယရှိသူ အမျိုးသမီးကို ယူကရိန်း နိုင်ငံမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။