Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အိမ်ထောင်သည်အမျိုးသမီးကို အဓမ္မပြုကျင့်သည့်တပ်ဖွဲ့ဝင်နှစ်ဦးကို ကြိမ်ဒဏ် ၃၀နှင့် ထောင်ဒဏ်နှစ်၂၀ ချမှတ်ဟု AAထုတ်ပြန်

ပြစ်မှုကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသား ရင်သား၊ လူမျိုး၊ ဘာသာမခွဲခြားဘဲ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ စီရင်ဆောင်ရွက်နေသည်ဟုလည်း AAက ထုတ်ပြန်သည်။

အိမ်ထောင်သည်အမျိုးသမီးကို အဓမ္မပြုကျင့်သည့်တပ်ဖွဲ့ဝင်နှစ်ဦးကို ကြိမ်ဒဏ် ၃၀နှင့် ထောင်ဒဏ်နှစ်၂၀ ချမှတ်ဟု AAထုတ်ပြန်
အိမ်ထောင်သည်အမျိုးသမီးကို အဓမ္မပြုကျင့်သည့်တပ်ဖွဲ့ဝင်နှစ်ဦးကို ကြိမ်ဒဏ် ၃၀နှင့် ထောင်ဒဏ်နှစ်၂၀ ချမှတ်ဟု AAထုတ်ပြန်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် အိမ်ထောင်သည်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ရက္ခိုင့်တပ်တော်(AA)မှ တပ်သားအဆင့် ရဲဘော် နှစ်ဦးကို ကြိမ်ဒဏ် ၃၀ချက်နှင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့သည်ဟု AAက ထုတ်ပြန်သည်။

အောက်တိုဘာ ၁ရက်မွန်းလွဲပိုင်းက AAမှ တပ်သားအဆင့်ရှိ ရဲဘော် နှစ်ဦးသည် ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်ကျေးရွာအုပ်စုနေ အသက် (၃၀)အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးအား ၎င်း၏ နေအိမ်၌ လက်နက်အားကိုးဖြင့် အဓမ္မပြုကျင့်ခဲ့ကြောင်း တိုင်တန်းမှု ရရှိ၍ စစ်ခုံရုံးဖွဲ့ စစ်ဆေးခဲ့ရာ ကျူးလွန်သူ တရားခံနှစ်ဦးက ဝန်ခံခဲ့သည်ဟု ဆိုသည်။

ပြစ်မှုကျူးလွန်သူ နှစ်ဦးစလုံးမှာ ပြစ်မှုမြောက်ကြောင်း ထင်ရှားသည့်အပြင် တပ်ဖက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အထူးတားမြစ်ချက်ကိုပါ ချိုးဖောက်ထားကြောင်း၊ အဆိုပါတပ်သား နှစ်ဦးသည် အခင်းဖြစ်ပွားသည့်နေ့၌ အရက်သေစာသောက်စားမူးယစ်ခဲ့ပြီး အမှန်တကယ် အဓမ္မပြုကျင့်ခဲ့ကြောင်း နှစ်ဦးစလုံးမှ ကိုယ်တိုင်ဝန်ခံ ထွက်ဆိုခဲ့ကြောင်း AA ထုတ်ပြန်သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ AA၏ စစ်ဥပဒေနှင့်အညီ အောက်တိုဘာ ၂၀ရက်တွင် စီရင်ခဲ့ရာ အလုပ်ကြမ်းနှင့် ထောင်ဒဏ်အနှစ်(၂၀) နှင့် ကြိမ်ဒဏ် ၃၀ချက် ချမှတ်ခဲ့ကြောင်း၊ ကြိမ်ဒဏ်ကို စီရင်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ပြစ်ဒဏ်ကို နစ်နာခဲ့ရသည့် မိသားစုဝင်များ၊ ကျေးရွာခေါင်းဆောင်အချို့ နှင့် ဘာသာရေးခေါင်းဆောင်အချို့တို့၏ ရှေ့မှောက်၌ စီရင်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ပြစ်မှုကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသား ရင်သား၊ လူမျိုး၊ ဘာသာမခွဲခြားဘဲ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ စီရင်ဆောင်ရွက်နေသည်ဟုလည်း AAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။