Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းမကြီး ညပိုင်းသွားလာခွင့် ည ၁၀ နာရီအထိသာ စစ်ကောင်စီခွင့်ပြု

အောက်တိုဘာလ ၂၆ ရက်စပြီး မန္တလေးဘက် စကားအင်းတိုးဂိတ် ကို နောက်ဆုံးဖြတ်သန်းချိန် ည ၁၀ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

Photo - Wiki
Photo - Wiki

ရန်ကုန် − မန္တလေး အမြန်လမ်းမကြီး ညပိုင်းသွားလာခွင့်ကို ည၁၀ နာရီ အထိသာ စစ်ကာင်စီက ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ အဝေးပြေးခရီးသည်တင် ယာဉ်လိုင်းအချို့ ရဲ့ အသိပေးချက်အရသိရပါတယ်။

အောက်တိုဘာလ ၂၆ ရက်စပြီး မန္တလေးဘက် စကားအင်းတိုးဂိတ် ကို နောက်ဆုံးဖြတ်သန်းချိန် ည ၁၀ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

အရင်ကတော့ ည ၁၂ နာရီအထိ ခွင့်ပြုပေးထားတာပါ။

အလားတူပါပဲ မိတ္ထီလာ သီးကုန်းတိုးဂိတ် နောက်ဆုံးဖြတ်သန်းချိန်ကိုလည်း ည ၁၀ နာရီပြောင်းလဲလိုက်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ဖြတ်သန်းခွင် ကန့်သတ်အချိန်ကြောင့် အမြန်လမ်းသုံး ယာဉ်တွေအနေနဲ့ တိုးဂိတ် ဧရိယာတွေ ၊အမြန်လမ်းဘေးမှာ ညအိပ်ရပ်နားတာမျိုးမလုပ်ရဘူးလို့စစ်ကောင်စီက တားမြစ်ထားပါတယ်။

အမြန်လမ်းတလျောက် ယာဉ်ရပ်နားဝင်းတွေဖြစ်တဲ့ ၃၉ မိုင် ၊ ၁၁၅ မိုင်၊ မိုင် ၂၀၀ နဲ့ ၂၈၅ မိုင်နေရာတွေမှာ ညအိပ် ရပ်နားရမယ်လို့ ထုတ်ပြန်ထားတယ်လို့သိရပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကတော့ အမြန်လမ်းမကြီးမှာ အချိန့်ကန့်သတ်ချက်မရှိဘဲ လွတ်လွတ်လပ်လပ်သွားလာနိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးမှာဒီနေ့ (ဇွန်လ ၂၂ ရက်)မနက်အစောပိုင်းကခရီးသည်တင်အဝေးပြေးကားနှစ်စီးတိုက်မိလို့ အမျိုးသားသုံးဦး သေဆုံးသွားတယ်လို့လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။