Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်မီးရှို့၍ အောက်တိုဘာအတွင်း ပြည်သူလူထုနေအိမ် ၁,၅၀၀ကျော် မီးလောင်ပျက်စီးခဲ့ဟု NUG ပြည်ထဲရေး ထုတ်ပြန်

အောက်တိုဘာအတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့သော မီးရှို့ဖျက်စီးမှုများအား ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ စာရင်းပြုစု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၉ရက်တွင် ရေစကြိုနယ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားစဉ်၊ ဓာတ်ပုံ - ရဲဘော်ဝေကြီး
အောက်တိုဘာ ၂၉ရက်တွင် ရေစကြိုနယ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားစဉ်၊ ဓာတ်ပုံ - ရဲဘော်ဝေကြီး

▪️စစ်ကိုင်းတိုင်းတွင် အများဆုံးမီးရှို့ဖျက်ဆီးခံခဲ့ရပြီး အိမ်ခြေ ထောင်ကျော်ပျက်စီးခဲ့

စစ်ကောင်စီတပ်က ဒေသအသီးသီးရှိ ပြည်သူလူထုနေအိမ်များကို ပစ်မှတ်ထားပြီး မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ကျူးလွန်ခဲ့ရာ အောက်တိုဘာအတွင်း စစ်ကောင်စီတပ် မီးရှို့၍ ပြည်သူလူထုနေအိမ် ၁,၅၀၀ကျော် ပျက်စီးခဲ့ရကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ(NUG)ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အောက်တိုဘာအတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့သော မီးရှို့ဖျက်စီးမှုများအား ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ စာရင်းပြုစု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့မီးရှို့ခံရသည့်ဒေသများအနက် စစ်ကိုင်းတိုင်းက အများဆုံးမီးရှို့ခံခဲ့ရခြင်းဖြစ်ကြောင်း၊ လူနေအိမ်များအပြင် စပါးကျီ နှင့်ကား၊ ဆိုင်ကယ်များ ပြည်သူလူထုပိုင်ပစ္စည်းများ မီးရှို့ခံခဲ့ရကြောင်း အသိပေးထားသည်။

စစ်ကိုင်းတိုင်းအတွင်း မီးရှို့ခံခဲ့ရသည့် မြို့နယ်များမှာ မင်းကင်း၊ ကန့်ဘလူ၊ စစ်ကိုင်း၊ တန့်ဆည်၊ မုံရွာ၊ ဗန်းမောက်၊ ချောင်းဦး၊ မြောင်၊ ဝက်လက်၊ ကလေး၊ အင်းတော်၊ ယင်းမပင်၊ပုလဲ၊ တမူး၊ ကသာ၊ ဖောင်းပြင် စသည့်မြို့နယ်များဖြစ်ပြီး မီးရှို့ခံရသည့် လူနေအိမ်စုစုပေါင်း ၁,၀၄၄လုံးရှိကြောင်း ဖော်ပြသည်။ အချို့ဒေသတွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို သတ်ဖြတ်သွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၉ရက်တွင် ရေစကြိုနယ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားစဉ်၊ ဓာတ်ပုံ - ရဲဘော်ဝေကြီး
အောက်တိုဘာ ၂၉ရက်တွင် ရေစကြိုနယ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားစဉ်၊ ဓာတ်ပုံ – ရဲဘော်ဝေကြီး

မကွေးတိုင်းတွင်လည်း အိမ်ခြေ ၄၇၀ မီးရှို့ခံခဲ့ရပြီး ထီးလင်း၊ ပေါက်၊ မြိုင်၊ ရေစကြို၊ နတ်မောက်၊ ဆိပ်ဖြူ စသည့်မြို့နယ်များဖြစ်ပြီး အိမ်မွေးတိရိစ္ဆာန်နှင့် အခြား ပြည်သူပိုင် ပစ္စည်းများလည်း မီးရှို့ခံခဲ့ရသည်ဟု ထုတ်ပြန်သည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ချင်းပြည်နယ် ရိခေါဒါရ်မြို့၊ မွန်ပြည်နယ် ကျိုက်ထို၊ရှမ်းပြည်နယ် နမ္မတူ၊ ရခိုင်ပြည်နယ် ကျောက်တော်၊ကရင်ပြည်နယ် ကော့ကရိတ်၊ ပဲခူးတိုင်း ကျောက်ကြီး၊တနင်္သာတိုင်း သရက်ချောင်း စသည့်နေရာများတွင်လည်း စစ်ကောင်စီတပ်က ပြည်သူလူထနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

ယခု ထုတ်ပြန်သည့် အချက်အလက်များထက် မြေပြင်တွင် စစ်ကောင်စီတပ်၏ အကြမ်းဖက် လုပ်ရပ်များ ပိုများနိုင်ကြောင်းလည်း NUG ပြည်ထဲ ရေးက သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ