Connect with us

Hi, what are you looking for?

သတင်း

အာဏာရှင်​ဟောင်းဦးသန်း​ရွှေသမက် ဦး​ဆောင်​သော​တောင်တက်အဖွဲ့ချုပ်ပုပ္ပါး​တောင်တက်စဥ်အမှိုက်ပစ်၍ ​ဝေဖန်​မှုကြုံ

​တောင်တက်ရင်းအမှိုက်ပစ်ခြင်းသည်သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးသည့်လုပ်ရပ်သည် စည်းကမ်းမဲ့ပြီးအသိတရားမရှိသူများ၏လုပ်ရပ်ဟု ပုပ္ပါးတောင်မှ​ဒေသခံတစ်ဦးကလည်း​ပြောသည်။

ပုပ္ပါး​တောင်မကြီး ။ ။ဓါတ်ပုံ- WM
ပုပ္ပါး​တောင်မကြီး ။ ။ဓါတ်ပုံ- WM

▪︎အဖွဲ့ဝင်မဟုတ်ဘဲ ​ဂေါက်​နေသူတစ်ဦးအမှိုက်ပစ်ခဲ့ခြင်းသာဖြစ်ပြီးလက်မခံဘဲပြန်ခိုင်းလိုက်ဟုဦးသန်း​​ရွှေသမက်​ဖြေရှင်း

အာဏာရှင်ဟောင်းဦးသန်းရွှေ၏သမက် ​ဒေါက်တာ​နေစိုး​မောင်ဥက္ကဌ အဖြစ် ဆောင်ရွက်နေသော မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ်က ပုပ္ပါးတောင်မကြီးပေါ်သို့ ယမန်နေ့က တက်ရောက်လာစဥ်အမှိုက်ချသွား၍ ဒေသခံအချို့ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်သူများကဝေဖန်နေကြသည်။

မြန်မာနိုင်ငံခြေလျင်နဲ့တောင်တက်အဖွဲ့ချုပ်မှအဖွဲ့ဝင်များနှင့် ယင်းအဖွဲ့နှင့်အတူလိုက်ပါလာသူများသည်ယမန်နေ့(နိုဝင်ဘာလ ၅ရက်)တွင် ပုပ္ပါးတောင်မကြီးသို့ တက်လာခဲ့ခြင်းဖြစ်သည်။ ယင်းအဖွဲ့သည် တောင်ပေါ်ရင်ပြင်တွင် အမှိုက်ချသွားသည်ကို ပက်ပင်းတိုး၍ ပြန်ကောက်ခိုင်းသော်လည်း မကောက်ခဲ့ဟု မဟာဂီရိတောတွင်းတောင်တက်ဝန်ဆောင်မှု(ပုပ္ပါးတောင်ဥယျာဉ်) တာဝန်ရှိသူတစ်ဦးက လူမှုကွန်ရက်တွင်ရေးသားထားသည်။

အမှိုက်ပစ်မှုကို ​ဝေဖန်​ထောက်ပြ​သောပိုစ်
အမှိုက်ပစ်မှုကို ​ဝေဖန်​ထောက်ပြ​သောပိုစ်

“မြန်မာနိုင်ငံခြေလျင်နဲ့တောင်တက်အဖွဲ့ချုပ်က ဒီကနေ့ ပုပ္ပါးတောင်မကြီးကို တောင်တက်လာတယ်။မဟာဂီရိ က တောင်တက်ဝန်ဆောင်မှု နဲ့တိုးတယ်။ အမှိုက်ချခဲ့တယ်။အမ အမှိုက်ပြန်ကောက်သွားပြောတော့အေးဆေးပဲ။ကောက်မသွားဘူး။သူတို့အဖွဲ့ထဲက သူ သက်သေရှိသလိုကျွန်တော့ မဟာဂီရိ က သက်သေရှိတယ်” ဟုမဟာဂီရိတောတွင်းတောင်တက်ဝန်ဆောင်မှု(ပုပ္ပါးတောင်ဥယျာဉ်)မှကိုတင်ကိုမင်းကရေးသားထားသည်။

အထက်ပါဖြစ်ရပ်အားဒေါက်တာနေစိုးမောင်ကိုလည်းအသိပေး ပေးကြရန်၎င်းကတိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

” တောင်တွေပတ်တက် အမှိုက်တွေ လိုက်ချနေတဲ့ အဖွဲ့များလားဟ။ဆောင်ပုဒ်အကြီးစားကြီးတွေ နဲ့ရှက်လဲ မရှက်တတ်ကြတဲ့သူတွေ။ဒေါက်တာနေစိုးမောင်နဲ့သိတဲ့သူများရှိရင် ပြောပေးပါဦး။တောင်တွေတောတွေပေါ် အမှိုက်တွေတော့ မချခဲ့ကြပါနဲ့လို့” ဟုကိုတင်ကိုမင်းက ရေးသားထားသည်။

အမှိုက်ချထားသူမှာ မြန်မာနိုင်ငံခြေလျင်နဲ့တောင်တက်အဖွဲ့ချုပ်နှင့်အတူလိုက်ပါလာသော်လည်းအဖွဲ့ဝင်မဟုတ်ကြောင်း၊ ဂေါက်နေသူဖြစ်ကြောင်းဒေါက်တာနေစိုးမောင်ကပြန်လည်ဖြေရှင်းထားရာ ယင်းအဖြေအပေါ် လူမှုကွန်ရက်သုံးစွဲသူအချို့က လှောင်ပြောင်ခဲ့ကြသည်။

ဒေါက်တာ​နေစိုး​မောင် ပြန်​ဖြေရှင်း​သောမှတ်ချက်
ဒေါက်တာ​နေစိုး​မောင် ပြန်​ဖြေရှင်း​သောမှတ်ချက်

“ဟုတ်ပါတယ်ဆရာတို့အဖွဲ့ဝင်မဟုတ်တဲ့သူတစ်ယောက် ဂေါက်နေတဲ့သူတယောက်ကပ်လိုက်လာတယ်။ဆရာတို့ရဲ့ uniform နဲ့လည်းမဟုတ်ပါ။သူ့ကိုလည်း လက်မခံဘဲ ပြန်ခိုင်းလိုက်ပါပြီ” ဟု ဒေါက်တာနေစိုးမောင်က ကိုတင်ကိုမင်း ရေးသားထားသည့် အကြောင်းအရာအောက်တွင် မှတ်ချက်ပြုထားသည်။ ​ဒေါက်တာ​နေစိုး​မောင်သည် အာဏာရှင်​ဟောင်းဦးသန်း​ရွှေ၏ သမက် ဖြစ်ပြီး ​နေ​ရွှေ​​သွေး​အောင်(ဖိုးလပြည့်)၏ ဖခင်ဖြစ်သည်။၎င်းသည် ပရဟိတအ​ရေးတွင်တက်ကြွသူတစ်ဦးဖြစ်​သော်လည်း စစ်​ကောင်စီအာဏာသိမ်းထား၍ ပြည်သူအများစု ခက်ခဲကြပ်တည်းတည်းကာ ရုန်းကန်​နေကြရ​သော​တော်လှန်​ရေးကာလတွင် လူငယ်များကိုစုစည်း၍​တောင်များလိုက်တက်​နေမှုအ​ပေါ် ၎င်းတို့အဖွဲ့၏ရည်ရွယ်ချက်နှင့် လုပ်ရပ်အ​ပေါ်သတိဖြင့်​စောင့်ကြည့်​နေသူများစွာရှိသည်။

​တောင်တက်ရင်းအမှိုက်ပစ်ခြင်းသည်သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးသည့်လုပ်ရပ်သည် စည်းကမ်းမဲ့ပြီးအသိတရားမရှိသူများ၏လုပ်ရပ်ဟု ပုပ္ပါးတောင်မှ​ဒေသခံတစ်ဦးကလည်း​ပြောသည်။

ယခုလိုကာလတွင် ပုပ္ပါးတောင်သို့ မတက်ဘဲ ပုံတောင် ပုံညာတောင်သို့ လာတက်ကြရန်လည်း လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ခပ်ရွတ်ရွတ်မှတ်ချက်ပြုထားသည်။ ပုံတောင်ပုံညာတောင်သည် စစ်အာဏာရှင်တော်လှန်ရေးအားကောင်းပြီး စစ်ကောင်စီအုပ်ချုပ်၍မရတော့သည့် ယောဒေသမှ အထင်ကရတောင်တန်းတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ညီညွတ်စွာလုပ်ဆောင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ခေါင်းဆောင်တွေက ပြောကြားပါတယ်။

ဆောင်းပါး

စစ်အာဏာရှင်အလိုကျ လူထောင်ပေါင်းများစွာကို မတရားအမိန့်တွေချနေတဲ့ တရားသူကြီးတွေဟာ တရားခွင်ထဲက ကျမ်းပြန်စူးမှာကို ထိတ်လန့်တုန်လှုပ်နေကြပါပြီ။သူတို့ကိုယ်သူတို့ တစ္ဆေတကောင်လို ပြန်ပြီးခြောက်လှန့်နေကြတဲ့အဖြစ်ကို နေပြည်တော်မှာ ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၅ရက်နေ့က ပြုလုပ်ခဲ့တဲ့အစည်းအဝေး‌က ထင်ထင်ရှားရှားသက်သေခံလိုက်တာပါ။

သတင်း

မင်းတပ်မြို့ မြို့မစျေးအနီးတွင် ၂၀၂၁ ကပြည်သူများထိုင်၍ ဆန္ဒထုတ်ဖော်နေသည့် မြင်ကွင်းနှင့် စစ်ကောင်စီတပ်သားအချို့အား မြို့မစျေးအနီး၌ ဖမ်းဆီးရရှိထားသည့် ဓာတ်ပုံမြင်ကွင်းကိုလည်း ဖော်ပြခဲ့သည်။

သတင်း

ယနေ့ (နိုဝင်ဘာ၂၅ရက်)တွင် ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့သို့ NUGက ဂုဏ်ပြု သဝဏ်လွှာပေးပို့ရာ၌ ယခုကဲ့သို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

Facebook