Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနယ်ရှိ စစ်ကောင်စီအရာရှိတစ်ဦးအား ပစ်ခတ်ရှင်းလင်း

၎င်းအား တောကြီးမြွေပွေး၊ ကောင်းကင်တော်လှန်ရေး အင်အားစုနှင့် ဒေါင်းစစ်သည်အဖွဲ့များပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

သေဆုံးသူ ဗိုလ်ကြီးအောင်နိုင်စိုးဆိုသူအား တွေ့ရစဥ်၊ ဓာတ်ပုံ-တောကြီးမြွေပွေး
သေဆုံးသူ ဗိုလ်ကြီးအောင်နိုင်စိုးဆိုသူအား တွေ့ရစဥ်၊ ဓာတ်ပုံ-တောကြီးမြွေပွေး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် မြွေတလိုင်းကျေးရွာနေ စစ်ကောင်စီ၏ ဗိုလ်မှူးတစ်ဦး နှစ်ကြိမ်တိုက်ခိုက်ခံရပြီးနောက် သေဆုံးသွားကြောင်း တောကြီးမြွေပွေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာလ ၇ ရက်) နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်၊ မြွေတလိုင်းကျေးရွာတွင်နေထိုင်သော ဗိုလ်မှူးအောင်နိုင်စိုးကို ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း တောကြီးမြွေပွေးအဖွဲ့က အသိပေးသည်။

၎င်းသည် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ပြောင်းရွှေ့လာပြီး ထီးတော်မိုး စုဆောင်းရေးတပ်တွင် တာဝန်ထမ်းဆောင်ပြီး မြွေတလိုင်းကျေးရွာတွင် နေထိုင်နေသူဖြစ်ကြောင်း၊ မြွေတလိုင်းကျေးရွာနေအိမ်၌ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေနတ်နှစ်ချက်မှန်ကာမသေဘဲ ထွက်ပြေးခဲ့ကြောင်း၊ ထို့နောက် လိုက်လံပစ်ခတ်ရာ ဆိပ်ကမ်းတစ်နေရာ၌ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း တောကြီးမြွေပွေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement
Public Service Announcement

၎င်းသည် မတ္တရာနယ်နှင့် ဝက်လက်နယ်များအတွက် စစ်ကောင်စီစစ်ကြောင်းများအား မော်တော်နှင့်စားနပ်ရိက္ခာများ စီစဥ်ပေးနေသူဖြစ်ကြောင်း တောကြီးမြွေပွေးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

၎င်းအား တောကြီးမြွေပွေး၊ ကောင်းကင်တော်လှန်ရေး အင်အားစုနှင့် ဒေါင်းစစ်သည်အဖွဲ့များပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

တောကြီးမြွေပွေးအဖွဲ့အား ဆက်သွယ်မေးမြန်းထားပြီးပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။