Connect with us

Hi, what are you looking for?

News

အာဏာသိမ်းမှုကိုဆန့်ကျင်သည့် မည်သည့်အဖွဲ့နှင့်မဆို လက်တွဲတော်လှန်သွားမည်ဟု KNU ထုတ်ပြန်

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဆိုသည့် မူဝါဒမှ KNU က ခေတ်အဆက်ဆက် ကိုင်စွဲခဲ့သည့် မူဖြစ်ကြောင်း KNU ဗဟိုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)သည် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကိုမြှင့်တင်ရန် ခိုင်မာသော ကတိက ဝတ်နှင့် လိုက်နာဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းထားပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သော မည်သည့် အဖွဲ့အစည်းနှင့်မဆို လက်တွဲ၍ အာဏာရှင်စနစ် အားလုံးကို ဆန့်ကျင်တော် လှန်သွားမည်ဟု KNUက ယနေ့ ထုတ်ပြန်သည်။

KNU၏ လက်ရှိ အခြေအနေအပေါ်မူဝါဒများကို ကရင်၊ မြန်မာ၊ အင်္ဂလိပ်ဘာသာသုံးခုဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

“ကျွန်ုပ်တို့သည် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ အကာအကွယ်ရယူလိုသည့် မည်သူကို မဆို တက်နိုင်သည့်ဘက်က ကူညီပံ့ပိုးပေးပြီး နှစ်ရှည်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်၏ မူလဇစ်မြစ်ကို ဖြေရှင်းရန်နှင့် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တိုင်းပြည်တည်ငြိမ်အေး ချမ်းရေးကို ဆောင်ကြဉ်းရန် နောက်ထပ်ဖြေရှင်းရေးနည်းလမ်းသစ်များအား ဆက်လက်ရှာဖွေလုပ်ဆောင် သွားပါမည်”ဟု ဖော်ပြထားသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဆိုသည့် မူဝါဒမှ KNU က ခေတ်အဆက်ဆက် ကိုင်စွဲခဲ့သည့် မူဖြစ်ကြောင်း KNU ဗဟိုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒါပေမဲ့ လုပ်ဆောင်တဲ့အခါကျတော့ အခြေအနေပေါ်မူတည်ပြီးတော့ လုပ်ဆောင်ရတာရှိတာပေါ့”ဟု ၎င်းက ဆိုသည်။

ပြည်သူလူထုများအနေဖြင့် လွတ်လပ်မှုနှင့် တရားမျှတမှုအတွက် မိမိတက်နိုင်သည့်ဘက်က နည်းမှန်လမ်းမှန်ဖြင့် ကူညီထောက်ခံကြောင်း ထုတ်ဖော်ပြသပေးရန် တိုက် တွန်းကြောင်းလည်း KNUက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။