Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်းမှုကိုဆန့်ကျင်သည့် မည်သည့်အဖွဲ့နှင့်မဆို လက်တွဲတော်လှန်သွားမည်ဟု KNU ထုတ်ပြန်

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဆိုသည့် မူဝါဒမှ KNU က ခေတ်အဆက်ဆက် ကိုင်စွဲခဲ့သည့် မူဖြစ်ကြောင်း KNU ဗဟိုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)သည် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကိုမြှင့်တင်ရန် ခိုင်မာသော ကတိက ဝတ်နှင့် လိုက်နာဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းထားပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သော မည်သည့် အဖွဲ့အစည်းနှင့်မဆို လက်တွဲ၍ အာဏာရှင်စနစ် အားလုံးကို ဆန့်ကျင်တော် လှန်သွားမည်ဟု KNUက ယနေ့ ထုတ်ပြန်သည်။

KNU၏ လက်ရှိ အခြေအနေအပေါ်မူဝါဒများကို ကရင်၊ မြန်မာ၊ အင်္ဂလိပ်ဘာသာသုံးခုဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

“ကျွန်ုပ်တို့သည် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ အကာအကွယ်ရယူလိုသည့် မည်သူကို မဆို တက်နိုင်သည့်ဘက်က ကူညီပံ့ပိုးပေးပြီး နှစ်ရှည်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်၏ မူလဇစ်မြစ်ကို ဖြေရှင်းရန်နှင့် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တိုင်းပြည်တည်ငြိမ်အေး ချမ်းရေးကို ဆောင်ကြဉ်းရန် နောက်ထပ်ဖြေရှင်းရေးနည်းလမ်းသစ်များအား ဆက်လက်ရှာဖွေလုပ်ဆောင် သွားပါမည်”ဟု ဖော်ပြထားသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဆိုသည့် မူဝါဒမှ KNU က ခေတ်အဆက်ဆက် ကိုင်စွဲခဲ့သည့် မူဖြစ်ကြောင်း KNU ဗဟိုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒါပေမဲ့ လုပ်ဆောင်တဲ့အခါကျတော့ အခြေအနေပေါ်မူတည်ပြီးတော့ လုပ်ဆောင်ရတာရှိတာပေါ့”ဟု ၎င်းက ဆိုသည်။

ပြည်သူလူထုများအနေဖြင့် လွတ်လပ်မှုနှင့် တရားမျှတမှုအတွက် မိမိတက်နိုင်သည့်ဘက်က နည်းမှန်လမ်းမှန်ဖြင့် ကူညီထောက်ခံကြောင်း ထုတ်ဖော်ပြသပေးရန် တိုက် တွန်းကြောင်းလည်း KNUက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။