Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုခရိုင်တွင် စစ်ကောင်စီတပ်က နှစ်ပတ်အတွင်း မြို့နယ်လေးခုရှိ နေအိမ်ထောင်ချီ မီးရှို့ဖျက်ဆီး

တန့်ဆည်မြို့နယ်၌လည်း ဒီဇင်ဘာ၁၂ ရက်က ပေချောင်ရွာကို မီးရှိူ့ဖျက်ဆီးရာနေအိမ်၄၃လုံး၊ နွားခြံတဲ၂၀လုံး၊ မီးဖိုချောင်၂၈လုံးနှင့် စပါးတိုက်၆လုံး၊ စုစုပေါင်း၉၇လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ-တန့်ဆည်မြို့နယ် ပေချောင်ရွာ မီးရှို့ဖျက်ဆီးခံခဲ့ရစဥ်၊ ဓာတ်ပုံ-kadumaplatform
ဓာတ်ပုံ-တန့်ဆည်မြို့နယ် ပေချောင်ရွာ မီးရှို့ဖျက်ဆီးခံခဲ့ရစဥ်၊ ဓာတ်ပုံ-kadumaplatform

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်တွင် စစ်ကောင်စီတပ်က ရေဦး၊ ခင်ဦး၊ ဒီပဲယင်းနှင့် တန့်ဆည်မြို့နယ်များရှိ ကျေးရွာအများအပြားအား နှစ်ပတ်အတွင်း အိမ်ပေါင်းထောင်နှင့်ချီ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယခုဒီဇင်ဘာအတွင်း ရွှေဘိုခရိုင်အတွင်း၌ စစ်ကောင်စီတပ်သည် ကျေးရွာအများအပြားအား ဝင်ရောက်ဖျက်ဆီးမီးရှို့ရာ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းသည် အများဆုံး မီးရှို့ဖျက်ဆီးခံထားရသည်။ ကျေးရွာ ၂၀ ရှိ နေအိမ်ပေါင်း ၁,၇၄၀ ကျော် မီးရှို့ဖျက်ဆီးခံထားရကြောင်း ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

“စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်တဲ့ရွာတိုင်းကို မီးရှို့တယ်။ ရွာတွေ မီးရှို့ဖို့ သက်သက်လာတယ်။ စစ်ကြောင်းနှစ်ကြောင်းခွဲရှို့တယ်။တချို့ရွာလုံးကျွတ် မီးရှို့ခံနေကြရတယ်။ ဒီကနေ့မှာစစ်ကြောင်းဟာ ဒီပဲယင်းမြို့နယ်အနီး ရေဦးမြို့နယ် နှစ်နယ်အစပ်မှာ ရှိနေသေးတယ်။”ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောသည်။

ဒီဇင်ဘာ ၁၁ရက်နှင့်၁၂ရက်ကလည်း စစ်ကောင်စီတပ်သည် ရေဦးမြို့နယ် မုတ်စီကျေးရွာကို နှစ်ရက်ဆက်တိုက်မီးရှို့ ပျက်စီးခဲ့ရာ နေအိမ် ၁၂၂လုံး ပြာကျခဲ့ပြီး ပြည်သူတစ်ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း Tiger Ye U-PDF အဖွဲ့က အသိပေးသည်။ ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက်ကလည်း ရေဦးမြို့နယ် ရွာမိဿာကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေအများအပြား မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အလားတူ ခင်ဦးမြို့နယ်ကိုလည်း နိုဝင်ဘာ ၁၇ ရက်မှ ၂၈ ရက်အထိ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၁၂ ရွာရှိ နေအိမ်ပေါင်း ၇၇၇လုံး မီးလောင်ကျွမ်းပျက်စီးခဲ့သည်။ ဒီဇင်ဘာလ ၂ ရက်ကလည်း ဗျိုင်းကြိုင်ကျေးရွာ နေအိမ် ၁၃ လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

တန့်ဆည်မြို့နယ်၌လည်း ဒီဇင်ဘာ၁၂ ရက်က ပေချောင်ရွာကို မီးရှိူ့ဖျက်ဆီးရာနေအိမ်၄၃လုံး၊ နွားခြံတဲ၂၀လုံး၊ မီးဖိုချောင်၂၈လုံးနှင့် စပါးတိုက်၆လုံး၊ စုစုပေါင်း၉၇လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ်မှာသပိတ်အင်အားစုတွေက ဦးဆောင်ပြီး အာဇာနည်နေ့လှုပ်ရှားမှုမှာ ပြည်သူလူထုပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ဒီကနေ့ (ဇူလိုင် ၁၅) ပြုလုပ်ခဲ့ပါတယ်။