Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်နားမှာ တရုတ်နဲ့ ရုရှား ရေတပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်မယ်လို့ အတည်ပြု

နှစ်နိုင်ငံစလုံးရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတွေ ဒီဇင်ဘာ ၂၁ ရက်မှာ ပစိဖိတ် သမုဒ္ဒရာရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဒေသတွင်း နိုင်ငံတွေကြား တင်းမာမှုတွေ ရှိနေရာ ရေပြင်မှာ တစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှု အစီအစဉ် စတင်သွားမယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။

ဂျပန်နားမှာ တရုတ်နဲ့ ရုရှား ရေတပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်မယ်လို့ အတည်ပြု
ဂျပန်နားမှာ တရုတ်နဲ့ ရုရှား ရေတပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်မယ်လို့ အတည်ပြု

ဂျပန်နိုင်ငံနဲ့ သိပ်မဝေးလှတဲ့ အရှေ့တရုတ်ပင်လယ် ရေပြင်မှာ တရုတ်နဲ့ ရုရှားတို့ ပူးပေါင်းပြီး ရေတပ် စစ်ရေးလေ့ကျင့်မှု တစ်ခုကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။

နှစ်နိုင်ငံစလုံးရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတွေ ဒီဇင်ဘာ ၂၁ ရက်မှာ ပစိဖိတ် သမုဒ္ဒရာရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဒေသတွင်း နိုင်ငံတွေကြား တင်းမာမှုတွေ ရှိနေရာ ရေပြင်မှာ တစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှု အစီအစဉ် စတင်သွားမယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ နှစ်နိုင်ငံ ရေတပ်ချင်း ပူးပေါင်းပြီး ဝေဟင် ပစ်မှတ်တွေကို ဒုံးကျည်နဲ့ လက်နက်ကြီးတွေ ပစ်ခတ်တာမျိုး ပြုလုပ်သွားမှာ ဖြစ်သလို ရေငုပ်သင်္ဘောဖျက် စစ်ဆင်ရေးတွေကိုလည်း လက်နက် အစစ်တွေ အသုံးပြုပြီး လက်တွေ့ ပြုလုပ်သွားမယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Maritime Cooperation 2022လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုမှာ ရုရှားရဲ့ ပစိဖိတ် ရေတပ်မကြီးရဲ့ အလံတင် ရေယာဉ်ဖြစ်တဲ့ ခရုစ်ဒုံးကျည်တပ် ဖရီးဂိတ် စစ်သင်္ဘော Varyagနဲ့ တခြား အပေါ့စား တိုက်သင်္ဘောနှစ်စီး ပါဝင်မှာ ဖြစ်ပါတယ်။ တရုတ် ရေတပ်ကလည်း ဖျက်သင်္ဘောနှစ်စီး၊ ကင်းလှည့်ရေယာဉ်နှစ်စီး၊ ဘက်စုံသုံး ထောက်ပံ့ရေး ရေယာဉ်တစ်စီးနဲ့ ဒီဇယ်အင်ဂျင်တပ် ရေငုပ်သင်္ဘောတစ်စီး စေလွှတ်သွားမှာပါ။ နောက်ပြီး တရုတ်ရဲ့ လေယာဉ်တချို့လည်း အဲဒီလေ့ကျင့်မှုမှာ ပူးပေါင်းပါဝင်မယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန်ဟာ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းကတည်းက တောက်လျှောက် ဆွဲကိုင်လာတဲ့ စစ်အင်အား အလုံးအရင်း တည်ဆောက်ရေး မူဝါဒကို စွန့်လွှတ်ပြီး ကာကွယ်ရေးဘတ်ဂျတ် အလုံးအရင်း အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပြီး ရက်ပိုင်း အကြာမှာပဲ အခုလို ရေတပ်ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ်မျိုးကို တွေ့မြင်လာရတာပါ။ တရုတ်ရော၊ ရုရှားပါ ဂျပန်နဲ့ ရေပိုင်နက် အငြင်းပွားမှု အပါအဝင် ခါးသီးတဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။