Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်စခန်းတစ်ခုကို KNU တိုက်ခိုက်သိမ်းပိုက်

“နံနက် ၆နာရီစတိုက် ၈နာရီမှာပြီးသွားတယ်။ ကျွန်တော်တို့ဘက်မှာ ထိခိုက်မှုမရှိဘူး။စခန်းကိုသိမ်းလိုက်ပြီ” ဟု KNU တာဝန်ရှိသူက ပြောသည်။

(ပြီးခဲ့သည့် ဧပြီလက KNU သိမ်းခဲ့​သော သော်လဲထာတပ်စခန်း ဓာတ်ပုံဖြစ်သည်)

ကျောက်ကြီးမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) တာဝန် ရှိသူတစ်ဦးက ပြောသည်။

KNU တပ်မဟာ(၅)နယ်မြေ နှင့် တပ်မဟာ(၃) နယ်မြေအကြားရှိ စစ်ကောင်စီ၏ ကပေါတူစခန်းကို ယနေ့ နံနက် ၆နာရီမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“နံနက် ၆နာရီစတိုက် ၈နာရီမှာပြီးသွားတယ်။ ကျွန်တော်တို့ဘက်မှာ ထိခိုက်မှုမရှိဘူး။စခန်းကိုသိမ်းလိုက်ပြီ” ဟု KNU တာဝန်ရှိသူက ပြောသည်။

အဆိုပါ တပ်စခန်းမှ လက်နက်ခဲယမ်းများလည်း သိမ်း ဆည်းရမိခဲ့ပြီး တိုက်ပွဲ၌ ထိခိုက်ကျဆုံးမှု အခြေအနေများကို အသေးစိတ်ကိုမူမသိရသေးကြောင်း ၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၅)အနေဖြင့် မတ်လ ၂၇ရက်နှင့် ဧပြီ ၂၇ရက်တွင်လည်း စစ်ကောင်စီတပ်စခန်း နှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် KNU နယ်မြေအတွင်းရှိ အင်အားနည်းသည့် စစ်ကောင်စီတပ်စခန်းအချို့သည် စခန်းကို စွန့်ခွာကာအ ခြား အင်အားများသည့် တပ်စခန်းများသို့ ပူးပေါင်းသွားခြင်းများလည်းရှိခဲ့သည်။

KNUသည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့် ကွက်ထားပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဆက် တိုက်ဖြစ်ပွားလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

(ပြီးခဲ့သည့် ဧပြီလက KNU သိမ်းခဲ့​သော သော်လဲထာတပ်စခန်း ဓာတ်ပုံဖြစ်သည်)

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook