Connect with us

Hi, what are you looking for?

ဗီဒီယို

ဗြိတိန်ကနေ ပထမဆုံး ဂြိုဟ်တု လွှတ်တင်တဲ့ အစီအစဉ် စက်ချွတ်ယွင်းမှုကြောင့် မအောင်မြင်

ဗြိတိန်မြေကနေ ပထမဆုံးအကြိမ် ဂြိုဟ်တု လွှတ်တင်ဖို့ Boeing 747 လေယာဉ်ကြီး ပျံတက်သွားတာကို ကွန်းဝေးမှာရှိတဲ့ နယူးကွေး လေဆိပ်ထိ လူပေါင်း ၂၀၀၀ ကျော်က လာရောက်စောင့်ကြည့် အားပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဗြိတိန်ပိုင်နက်ကနေ ပထမဆုံးအကြိမ် ဂြိုဟ်တုတွေ လွှတ်တင်မှုဟာ အောင်မြင်မှု မရခဲ့ဘဲ ချွတ်ချော်မှားယွင်းမှုနဲ့ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၉ ရက် ညပိုင်းက အမေရိကန်ရဲ့ Virgin Orbit ကုမ္ပဏီဟာ ဗြိတိန်နိုင်ငံ၊ ကွန်ဝေးဒေသကနေ ဂြိုဟ်တုတစ်စင်းကို လွှတ်တင်ဖို့ ကြိုးစားခဲ့တာပါ။ ကုမ္ပဏီက Boeing 747 jumbo ဂျက်လေယာဉ် တစ်စီးကနေတဆင့် ဂြိုဟ်တုတွေ တွဲဆက်ထားတဲ့ ဒုံးပျံကို လွှတ်တင်ခဲ့ပါတယ်။

ဒုံးပျံဟာ စီစဉ်ထားတဲ့အတိုင်း တည့်တည့် ပျံတက်သွားခဲ့ပြီးမှ မူမမှန်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာပြီး အစီအစဉ် ကျရှုံးခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ Cosmic Girlလို့ နာမည်ပေးထားတဲ့ လေယာဉ်ကြီးကတော့ အခြေစိုက် စခန်းဆီ ချောချောမောမော ပြန်လည် ဆင်းသက်နိုင်ခဲ့ပါတယ်။

လေယာဉ်ဟာ ဗြိတိန် အနောက်ပိုင်းက သမုဒ္ဒရာ ရေပြင်ပေါ် ပျံသန်းနေချိန် ဒုံးပျံကို လွှတ်တင်ခဲ့တာပါ။ ဒုံးပျံမှာ တွဲဆက်ထားတဲ့ ဂြိုဟ်တုတွေကို ပြန်အဖတ်ဆယ်လို့ မရနိုင်ဘဲ ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းမှာ ဒီမစ်ရှင်ကို ဗြိတိန်ရဲ့ ဂြိုဟ်တု လွှတ်တင်ရေး ရည်မှန်းချက်တွေ တစ်ခေတ်ဆန်းစေမယ့် အထင်ကရ မှတ်တိုင် တစ်ခုအဖြစ် ချီးကျူး ညွှန်းဆိုမှုတွေ ရှိခဲ့ပါတယ်။ အခုမစ်ရှင်ကို အကြောင်းပြုပြီး ဗြိတိန်ဟာ စီးပွားဖြစ် ဂြိုဟ်တုတွေ လွှတ်တင်မယ့် ကမ္ဘာ့ထိပ်တန်း နိုင်ငံတစ်ခုအဖြစ် ရပ်တည်လာနိုင်ဖို့ပါ ရည်မှန်းထားပါတယ်။

ဗြိတိန်မြေကနေ အရင်တုန်းက ဒုံးပျံတွေ လွှတ်တင်ခဲ့ဖူးပေမယ့် ဂြိုဟ်တုတွေ လွှတ်တင်တာမျိုးတော့ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။ ဗြိတိန် အာကာသ အေဂျင်စီရဲ့ ဒုတိယ အမှုဆောင်ချုပ် အီယန် အန်းနက်က ကမ္ဘာပတ်လမ်းထဲ ဂြိုဟ်တုတွေ ရောက်ဖို့ဆိုတာ ဘယ်လောက်ထိ ခက်ခဲတယ်ဆိုတာ မျက်ဝါးထင်ထင် မြင်ခဲ့ရတာဖြစ်ကြောင်း၊ ဒါပေမဲ့ နောက်ထပ် ၁၂ လအတွင်း ဒုတိယအကြိမ် ပြန်လွှတ်တင်ဖို့ အသင့်ဖြစ်လာမယ်လို့ ပြောပါတယ်။

အခုဖြစ်စဉ်မှာ ဒုံးပျံရဲ့ အင်ဂျင် ဒုတိယအဆင့် ခွဲထွက်မှုမှာ နည်းစနစ်ပိုင်း မှားယွင်းမှု ပြဿနာတစ်ခု ပေါ်ပေါက်ခဲ့ရာက ကမ္ဘာပတ်လမ်းထဲထိ ရောက်မသွားနိုင်ခဲ့တာလို့လည်း သူက ရှင်းပြပါတယ်။

ဗြိတိန်မြေကနေ ပထမဆုံးအကြိမ် ဂြိုဟ်တု လွှတ်တင်ဖို့ Boeing 747 လေယာဉ်ကြီး ပျံတက်သွားတာကို ကွန်းဝေးမှာရှိတဲ့ နယူးကွေး လေဆိပ်ထိ လူပေါင်း ၂၀၀၀ ကျော်က လာရောက်စောင့်ကြည့် အားပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဥရောပ အနောက်ပိုင်းမှာ အပူလှိုင်းဖြတ်မှုဒဏ်ကို အပြင်းအထန် ခံစားနေရပြီး ဗြိတိန်၊ ပြင်သစ်နဲ့ စပိန်တို့မှာလည်း သမိုင်းတလျှောက် အပူဆုံး စံချိန်တွေကို ကြုံတွေ့ ဖြတ်သန်းခဲ့ရပါတယ်။

နိုင်ငံတကာ

သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တဲ့အတိုင်း ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာဟာ ရာထူးကနေ နုတ်ထွက်မယ်လို့ အတည်ပြု ကြေညာသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန်နိုင်ငံမှာ ရထားနှစ်စီး တိုက်မိမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၉၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Facebook