Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့၌ လက်နက်ကြီးထိမှန်သေဆုံးခဲ့သော ပြည်သူတစ်ဦးနာရေးတွင်အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်သားများ ဆန္ဒပြ

ဇန်နဝါရီ ၁၅ရက်က စစ်ကောင်စီက ဦးစီးကျင်းပသည့် ကယားပြည်နယ်နေ့ အခမ်းအနားတိုက် ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးဖြင့် လွိုင်ကော်မြို့နှင့် နီးစပ်ရာများသို့ ပစ်ခတ်ခဲ့သည်။

(အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်သားများ ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - CJ)
(အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်သားများ ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - CJ)

ကရင်နီပြည်နယ် လွိုင်ကော်မြို့၌ လက်နက်ကြီးထိမှန်သေဆုံးခဲ့သော ပြည်သူတစ်ဦး၏ နာရေးတွင် အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်သားများက ဆန္ဒပြမှုပြုလုပ်ခဲ့ကြောင်း အဆိုပါ မြို့ခံများက ပြောသည်။

ဇန်နဝါရီ ၁၆ရက်က အသက်(၇၅)နှစ်အရွယ် ဦးသိန်းဆွေ(ခ)ဦးပေါက်စီ၏ စျာပနကို ပို့ဆောင်စဥ် လမ်းတဝက်နေရာအရောက်တွင် အရပ်ဝတ်ဖြင့်လာသော စစ်ကောင်စီတပ်သားများက ‘အကြမ်းဖက်မှုအလိုမရှိ’ဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ဆန္ဒပြမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“(၄)မိုင် သင်္ချိုင်းကုန်းအဝင်မှာ အသုဘယာဉ်တန်းကို ပိတ်ဆို့ထားပြီး ဆိုင်းဘုတ်ကိုယ်စီကိုင်ထားပြီး “PDF အလိုမရှိ၊ အော်ဟစ်ဆန္ဒပြခဲ့တာ”ဟု နာရေးလိုက်ပို့ခဲ့သည့် ပြည်သူတစ်ဦးက ပြောသည်။

ထို့အပြင် နာရေးလိုက်ပို့သည့် ဒေသခံပြည်သူများကိုလည်း အရပ်ဝတ်စစ်သားများက လက်နက်ကြီး ထိမှန်သေဆုံးသူ၏ အခင်းဖြစ်စဥ်ကို တပ်မတော်က လုပ်တယ်လို့ထင်လားဟု မေးမြန်းခဲ့ ကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

“အသုဘ လိုက်ပို့တဲ့သူတွေမဟုတ်ဘူး။ ကြိုစောင့်ပြီး စီစဉ်ထားတဲ့ပုံစံမျိုးပါ။နောက် အသုဘပို့တဲ့သူတွေနဲ့တွဲပြီး သူတို့ ဆန္ဒပြတာကို ဓာတ်ပုံတွေရိုက်ယူသွားကြတယ်”ဟု မျက်မြင်ဒေသခံက ရှင်းပြသည်။

ထိုသို့ ဆန္ဒပြမှုကို စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများ၌ ရေးသေားဖော်ပြနေသည်။

“ကလိမ်ကကျစ်ကျတဲ့ နေရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ ရွှေဉာဏ်တော် စူးရောက်ပါပေတယ်။ သေတာတောင် အေးအေး ဆေးဆေး မသေရတဲ့တိုင်းပြည်”ဟု ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။

ဇန်နဝါရီ ၁၅ရက်က စစ်ကောင်စီက ဦးစီးကျင်းပသည့် ကယားပြည်နယ်နေ့ အခမ်းအနားတိုက် ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးဖြင့် လွိုင်ကော်မြို့နှင့် နီးစပ်ရာများသို့ ပစ်ခတ်ခဲ့သည်။

ထို့နောက် လွိုင်ကော်မြို့၊ မီးသတ်ကုန်းလမ်း၌ စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုအပါအဝင် လွိုင်လင်လေးမြို့တွင် လက်နက်ကြီး ကျရောက်ခဲ့၍ အရပ်သားတစ်ဦးသေ၊ သုံးဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။