Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ် အင်းပတ်ကွေ့နှင့်ရွာသစ်ကုန်းရှိ စစ်အုပ်စုစခန်း အနီးကပ်ပစ်ခတ်တိုက်ရာ ထိခိုက်မှုရှိဟု KSO ပြော

အင်းပတ်ကွေ့နှင့် ရွာသစ်ကုန်းရှိ စစ်ကောင်စီတပ်နှင့်ပျူများသည် ရေဦးနယ်နှင့် ဒီပဲယင်းမြို့နယ်ဘက်သို့ အကူးအသန်းပြုလုပ်၍ တပ်ကူလုပ်ပေးနေကြောင်း ဒေသခံများက ပြောသည်။

KSO အဖွဲ့ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ ဓာတ်ပုံ-KSO
KSO အဖွဲ့ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ ဓာတ်ပုံ-KSO

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အင်းပတ်ကွေ့နှင့် ရွာသစ်ကုန်းရှိ စစ်ကောင်စီတ​ပ်နှင့်ပျူစခန်းအား တပြိုင်နက်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိကြောင်း Khin U Special Force Organization -KSO၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ၂၅ ရက်)နံနက် ၁၁နာရီခွဲခန့်က ခင်ဦးနယ် အင်းပတ်ကွေ့ဈေးတန်း အထိုင်ချစခန်းနှင့် ရွာသစ်ကုန်းရှိ ပျူစောထီးစခန်းတို့အား လက်လုပ် နှစ်ဆင့်ကွဲ(၁၈)လုံးတိတိ ချဥ်းကပ်ပစ် ခတ်ခဲ့ရာ စစ်ကောင်စီတပ်နှင့်ပျူများ ငါးဦးသေဆုံးပြီး ထိခိုက်မှုများရှိကြောင်း KSOအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ရွာသစ်ကုန်းနဲ့အင်းပတ်ကွေ့က ပေနှစ်ရာသုံးရာလောက်ပဲဝေးမယ်။ တပြိုင်တည်းတိုက်တာပါ။ အနီးအဖွဲ့ကသပ်သပ် အဝေးအဖွဲ့က သပ်သပ် တိုင်မင်ခေါ်ပြီးတိုက်ရတာပေါ့။ တစ်နာရီလောက် တော့ကြာမယ်”ဟု KSOအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

အင်းပတ်ကွေ့နှင့် ရွာသစ်ကုန်းရှိ စစ်ကောင်စီတပ်နှင့်ပျူများသည် ရေဦးနယ်နှင့် ဒီပဲယင်းမြို့နယ်ဘက်သို့ အကူးအသန်းပြုလုပ်၍ တပ်ကူလုပ်ပေးနေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို KSOတပ်ဖွဲ့၊KDK၊Local Brothers၊Wolf Guerrilla (Ye-U)၊FAF၊PDAနှင့် တပ်ရင်း၂၀ခွဲ-၃တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဇန်နဝါရီ ၂၄ ရက် မွန်းလွဲပိုင်းက အင်းပတ်ကွေ့နှင့်ရွာသစ်ကုန်းရှိ စစ်ကောင်စီတပ်နှင့် ပျူများသည် အင်းပတ်ကျေးရွာ အနောက်မြောက်ရှိ ငှက်ပျောခြံများ၊လျှော်ဖြူခြံများ၊ ခြုံနွယ်များအား မီးတင် ရှို့ခဲ့ရာ မီးများခဲ့ပြီး ကျေးရွာအတွင်းထိ မီးကူးစက်ကာ နေအိမ်နှစ်လုံးနှင့် မီးဖိုတဲတစ်ခု မီးထဲပါသွားခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။