Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ရေးလေ့ကျင့်မှုတွေ ရပ်တန့်ပေးရေး ကုလသမဂ္ဂကို မြောက်ကိုရီးယား တောင်းဆို

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ရန်စလှုံ့ဆော်တဲ့ မှတ်ချက်စကားတွေ၊ ကိုရီးယား ကျွန်းဆွယ်တဝိုက်က ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ အမြန်ဆုံး ရပ်တန့်အောင် တောင်းဆိုဖို့ လိုတယ်လို့လည်း ကင်မ်က ဆိုပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ရေးလေ့ကျင့်မှုတွေ ရပ်တန့်ပေးရေး ကုလသမဂ္ဂကို မြောက်ကိုရီးယား တောင်းဆို
တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ရေးလေ့ကျင့်မှုတွေ ရပ်တန့်ပေးရေး ကုလသမဂ္ဂကို မြောက်ကိုရီးယား တောင်းဆို

ကိုရီးယား ကျွန်းဆွယ်တဝိုက်မှာ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးပေါင်း စစ်ရေးလေ့ကျင့်တာတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂက ဖိအားပေး တောင်းဆိုသင့်ကြောင်း မြောက်ကိုရီးယားက ဝေဖန် ပြောကြားလိုက်ပါတယ်။

အဲဒီနှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကြောင့် ဒေသတွင်း တင်းမာမှုတွေကို မြင့်တက်လာစေတာ ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက မတ်လ ၅ ရက်မှာ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယား ကိုယ်တိုင်က တိုက်ချင်းပစ် ဒုံးကျည်တွေ အမြောက်အမြား စမ်းသပ်ရင်း တောင်ကိုရီးယားနဲ့ ဂျပန်တို့လို ခါးသီးပြိုင်ဘက်တွေကို ခြိမ်းခြောက်နေတာနဲ့ ပတ်သက်လို့တော့ မြောက်ကိုရီးယားက ထည့်မပြောခဲ့ပါဘူး။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေဟာ တာဝန်မဲ့လွန်းပြီး အခြေအတင် ဖြစ်မှုတွေကို ပိုပြီး ဆိုးသထက် ဆိုးလာအောင် လှုံ့ဆော်ပေးနေတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ ဌာနခွဲ ဒုတိယ ဝန်ကြီး ကင်မ်ဆွန်ဂျောင်က ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ ၁၀ ရက်ကျော်လောက် ကြာမြင့်မယ့် အကြီးစား စစ်ရေးလေ့ကျင့်မှု တစ်ခုကို မတ်လထဲမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲဒီ လေ့ကျင့်မှုမှာ ကမ်းတက် တိုက်ခိုက်ရေး အစီအမံတွေပါ ပါဝင်မယ်လို့ နှစ်နိုင်ငံ ပူးပေါင်း ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တွေက အခုလေ့ကျင့်မှုဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ အစီအမံသာ ဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေ ဆက်တိုက် မြင့်တက်လာတဲ့ အခြေအနေမှာ မရှိမဖြစ် လိုအပ်လာတယ်လို့လည်း အကြောင်းပြပါတယ်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ရန်စလှုံ့ဆော်တဲ့ မှတ်ချက်စကားတွေ၊ ကိုရီးယား ကျွန်းဆွယ်တဝိုက်က ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ အမြန်ဆုံး ရပ်တန့်အောင် တောင်းဆိုဖို့ လိုတယ်လို့လည်း ကင်မ်က ဆိုပါတယ်။

ရန်လိုတဲ့၊ ကျူးကျော်ချင်တဲ့ သဘောထားဆောင်တဲ့ အဲဒီလို စစ်ရေးလေ့ကျင့်မှုတွေကို ကုလသမဂ္ဂက နှုတ်ဆိတ်နေတာ စိတ်ပျက်စရာ ကောင်းတယ်လို့လည်း မြောက်ကိုရီးယားက ဝေဖန်ပါတယ်။

ပြီးခဲ့တဲ့ လကလည်း ကင်မ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်မှုတွေနဲ့ ပတ်သက်ရင် မမျှမတ တစ်ဖက်စောင်းနင်း ရပ်တည်တယ်လို့ ထုတ်ပြန် ရှုတ်ချခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။