Connect with us

Hi, what are you looking for?

သတင်း

မြောင်ရှိ PDFစခန်းငယ်တစ်ခု မီးရှို့ဖျက်ဆီးခံရ

စခန်းရှိ ဆက်သွယ်ရေးပစ္စည်းများ၊ မိုင်းပစ္စည်းများအပါအဝင် ကာလတန်ဖိုး ကျပ်သိန်းနှစ်ရာဖိုးခန့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း MSPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(မီးရှို့ဖျက်ဆီးခံရသည့် MSPDF စခန်းငယ်အား တွေ့ရစဉ်။ ဓာတ်ပုံ-MSPDF)
(မီးရှို့ဖျက်ဆီးခံရသည့် MSPDF စခန်းငယ်အား တွေ့ရစဉ်။ ဓာတ်ပုံ-MSPDF)

▪️စစ်အုပ်စုသောင်းကျန်းနေ၍ မြောင်နယ်ဒေသခံ တစ်သောင်းခွဲကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ MSPDF၏ စခန်းအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက် သောင်းကျန်းနေ၍ ဒေသခံပြည်သူတစ်သောင်းခွဲကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (မတ်လ ၁၃ ရက်) နံနက်၅နာရီခန့်က စစ်ကောင်စီတပ်သ​ည် မြောင်မြို့နယ်၊ ပရိမ္မကျေးရွာအားဝင်ရောက်စီးနင်း၍ အရပ်သားသုံးဦးအားဖမ်းဆီးခေါ်ဆောင်ပြီး စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)- MSPDF၏ စခန်း(၃)အား မီးရှို့ဖျက်ဆီးသွားကြောင်း MSPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(မီးရှို့ဖျက်ဆီးခံရသည့် MSPDF စခန်းငယ်အား တွေ့ရစဉ်။ ဓာတ်ပုံ-MSPDF)
(မီးရှို့ဖျက်ဆီးခံရသည့် MSPDF စခန်းငယ်အား တွေ့ရစဉ်။ ဓာတ်ပုံ-MSPDF)

စခန်းရှိ ဆက်သွယ်ရေးပစ္စည်းများ၊ မိုင်းပစ္စည်းများအပါအဝင် ကာလတန်ဖိုး ကျပ်သိန်းနှစ်ရာဖိုးခန့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း MSPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“အကုန်ရစရာမရှိအောင်ဘဲပန်းကန်တွေကအစ။ ပစ္စည်းတွေက ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက ပရိမ္မရွာမီးရှို့သွားတုန်းက ရွာထဲမထားရဲတော့ဘဲ စခန်းနားတဲမှာလာထားတာ။ အဲဒါတွေအကုန်လုံး ရှို့သွားကြတာ။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယမန်နေ့ နံနက် ၆နာရီကျော်ကတည်းက စစ်ကြောင်းနှစ်ကြောင်းဖြင့်မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံပြည်သူ ၁၅,၀၀၀ ကျော်ဘေးကင်းလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြောင်အခြေစိုက် CDSOM အဖွဲ့က ပြောသည်။

ယခုမတ်လအတွင်း စစ်ကောင်စီတပ်သည် ဒေသခံပြည်သူ သုံးဦးအား သတ်ဖြတ်ထားပြီး သုံးဦးဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook