Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား ဒုံးကျည် ခြိမ်းခြောက်မှုကို တန်ပြန်တဲ့ ရေတပ် လေ့ကျင့်မှုတစ်ခု အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့ ပူးပေါင်းလုပ်ဆောင်

အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ သီးခြား အစီအမံ တစ်ခုအနေနဲ့ ၁၂ ရက်ကြာ လေတပ် ပူးပေါင်း စစ်ရေးလေ့ကျင့်မှု တစ်ခုကိုလည်း အခုသီတင်းပတ်မှာ စတင်ခဲ့ကြောင်း သိရပါတယ်။

မြောက်ကိုရီးယား ဒုံးကျည် ခြိမ်းခြောက်မှုကို တန်ပြန်တဲ့ ရေတပ် လေ့ကျင့်မှုတစ်ခု အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့ ပူးပေါင်းလုပ်ဆောင်
မြောက်ကိုရီးယား ဒုံးကျည် ခြိမ်းခြောက်မှုကို တန်ပြန်တဲ့ ရေတပ် လေ့ကျင့်မှုတစ်ခု အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့ ပူးပေါင်းလုပ်ဆောင်

မြောက်ကိုရီးယားရဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား ရေတပ်တွေ ပူးပေါင်းပြီး ဒုံးကျည် ကြားဖြတ် ဟန့်တားရေး စစ်ရေးလေ့ကျင့်မှု တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

အခုသီတင်းပတ်မှာ စတင်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ မဟာမိတ် ၃ နိုင်ငံရဲ့ ဖျက်သင်္ဘောတွေဟာ ဂျပန်နဲ့ တောင်ကိုရီးယားကြား ရေပြင်မှာ ခုတ်မောင်းရင်း မြောက်ကိုရီးယားက ဒုံးကျည် ပစ်လွှတ်မှုကို ကြားဖြတ် ဟန့်တားတဲ့ ပုံစံမျိုး သရုပ်တူ လေ့ကျင့်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အဲဒီသုံးနိုင်ငံဟာ ဂျပန်ပင်လယ်နဲ့ ကိုရီးယား ကျွန်းဆွယ်တဝိုက် ရေပြင်မှာ ရေငုပ်သင်္ဘောဖျက် စစ်ရေးလေ့ကျင့်မှုတွေ ပုံမှန် အကောင်အထည် ဖော်ဖို့လည်း မူအားဖြင့် သဘောတူခဲ့ကြပါတယ်။

မြောက်ကိုရီးယားက လောင်စာတောင့် နည်းပညာသစ် အသုံးပြုထားတဲ့ တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း ကြေညာပြီး တစ်ပတ်လောက် အကြာမှာ မဟာမိတ် သုံးနိုင်ငံရဲ့ ဒုံးကျည်ကာကွယ်ရေး စုပေါင်း လေ့ကျင့်မှုကို အကောင်အထည် ဖော်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

လောင်စာတောင့် နည်းပညာဟာ လောင်စာအရည် အသုံးပြုတဲ့ ဒုံးကျည်တွေထက် မဟာဗျူဟာ အားသာချက်တွေ တော်တော်များများ ပိုင်ဆိုင်ထားတာကြောင့် မြောက်ကိုရီးယားဟာ သိသာထင်ရှားတဲ့ နည်းပညာပိုင်း ခြေလှမ်းသစ် တစ်ခုကို စတင်လိုက်တာလို့ ယူဆနိုင်ပါတယ်။

သုံးနိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုမှာ တောင်ကိုရီးယားရဲ့ Yulgok Yi I ဖျက်သင်္ဘော၊ အမေရိကန်ရဲ့ ပဲ့ထိန်းဒုံးကျည်တပ် Benfold ဖျက်သင်္ဘောနဲ့ ဂျပန်ရဲ့ Atago ဖျက်သင်္ဘောတွေ ချိတ်ဆက် လှုပ်ရှားခဲ့ကြပါတယ်။ မြောက်ကိုရီးယားကတော့ ဒီလို စစ်ရေးလေ့ကျင့်မှုတွေဟာ ကျူးကျော်စစ်ပွဲကို စတင်ဖို့ လက်တွေ့ ပြင်ဆင်နေတာလို့ စွပ်စွဲပြီး ဒေသတွင်း တင်းမာမှုတွေကို ပိုမို ဆိုးရွားလာစေလိမ့်မယ်လို့ တင်းတင်းမာမာ သတိပေးထားပါတယ်။

အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ သီးခြား အစီအမံ တစ်ခုအနေနဲ့ ၁၂ ရက်ကြာ လေတပ် ပူးပေါင်း စစ်ရေးလေ့ကျင့်မှု တစ်ခုကိုလည်း အခုသီတင်းပတ်မှာ စတင်ခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။