Connect with us

Hi, what are you looking for?

သတင်း

မီဒီယာလွတ်လပ်ခွင့်ကမ္ဘာ့အဆိုးဆုံးနိုင်ငံစာရင်း မြန်မာအဆင့် ၇ တွင်ရပ်တည်

စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းဌာန ၉ ခုထက်မနည်း ပိတ်သိမ်းခံခဲ့ရပြီး သတင်းသမား ၁၅၀ ကျော် မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည်။ ထို့အပြင် သတင်းသမား ၃ ဦးသတ်ဖြတ်ခံခဲ့ရကာ လက်ရှိအချိန်အထိ သတင်းသမား ၇၀ ခန့် ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်။

(စစ်​ကောင်စီတပ်နှင့်ရဲများက ၂၀၂၁ မတ်လတွင် ဆန္ဒပြပြည်သူများအပါအဝင် သတင်း​ထောက်များကို အကြမ်းဖက်ဖြိုခွဲ၍ သတင်း​ထောက်များပါ ထွက်​ပြေးတိမ်း​ရှောင်​နေကြစဥ်။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်နှင့်ရဲများက ၂၀၂၁ မတ်လတွင် ဆန္ဒပြပြည်သူများအပါအဝင် သတင်း​ထောက်များကို အကြမ်းဖက်ဖြိုခွဲ၍ သတင်း​ထောက်များပါ ထွက်​ပြေးတိမ်း​ရှောင်​နေကြစဥ်။ ဓါတ်ပုံ-CJ)

ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်ညွှန်းကိန်းသတ်မှတ်ချက်တွင် စစ်တပ်အာဏာသိမ်းခံထားရသော မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၃ တွင် ရပ်တည်ခဲ့ပြီးအခြေအနေလွန်စွာဆိုးရွားသော နိုင်ငံပေါင်း ၃၁ နိုင်ငံတွင်ပါဝင်ခဲ့သည်။

ထို​ကြောင့်​နောက်ဆုံးမှ​ရေတွက်လျှင် မီဒီယာလွပ်လပ်ခွင့် ကမ္ဘ့ာအဆိုးရွားဆုံးနိုင်ငံ စာရင်းတွင် အဆင့် ၇ ၌ ရပ်တည်​နေခြင်းဖြစ်သည်။ အဆိုးဆုံး သုံးနိုင်ငံမှာ ​မြောက်ကိုရီးယား၊တရုတ်၊ ဗီယက်နမ်တို့ဖြစ်သည်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)၏ ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်ညွှန်းကိန်းသတ်မှတ်ချက်အရ ယခုနှစ်တွင် မြန်မာ့သတင်းစာလွတ်လပ်ခွင့်မှာ ယခင်နှစ်

(၂၀၂၂)ထက် ၃ ဆင့် မြင့်လာသည်ဟုဆိုသော်လည်း ပိုမိုကောင်းမွန်သည့်သတင်းစာလွတ်လွပ်ခွင့်ဆီ ဦးတည်နေသော မခိုင်ခံသေးသည့်အခြေအနေကို ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုက ဖျက်ဆီးပစ်လိုက်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းချိန်မှစတင်၍ ပြည်တွင်းသတင်းစာလွတ်လပ်ခွင့်မှာ ဆိတ်သုဥ်းသွားခဲ့ပြီး ယခင်စစ်အာဏာရှင်လက်ထက်ကအတိုင်း အဆိုးရွားဆုံးကာလတစ်ခုကိုဖြတ်သန်းနေရကြောင်း သတင်းသမားအဖြစ် ဆယ်စုနှစ်တစ်ခုကျော်ကြာလုပ်ကိုင်နေသူက ပြောသည်။

“ပြည်တွင်းမှာ သတင်းလွတ်လပ်ခွင့်က ဘာမှမပြောင်းလဲဘူး။ သူတို့ခွင့်ပြုထားတဲ့ မီဒီယာတွေတောင်မှ ကိုယ့်ဘာသာဆင်ဆာလုပ်ပြီး ဖော်ပြနေကြရတာ။ အခြားသတင်းသမားတွေကျ ရေးလို့ ရတယ်။ ဒါပေမဲ့ အန္တရာယ်များတယ်။ သတင်းသမားလို့ ပတ်ဝန်းကျင်သိတာပဲဖြစ်ဖြစ်၊ စကစက သိတာပဲဖြစ်ဖြစ် ရန်ပြုခံရတာမျိုး၊ စောင့်ကြည့်ခံရတာမျိုးတွေ အများကြီးရှိတယ်။ အဓိကအခက်အခဲကတော့ လုံခြုံရေးပိုင်းပေါ့။ သတင်းသမားလို့ အသိပေးလို့ မရတဲဲ့အခြေအနေမျိုးမှာ ရှိတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဧပြီတွင် သတင်းဆရာ၊ အယ်ဒီတာ ဦီးကျော်မင်းဆွေသည် ၎င်း၏ ဖေ့စ်ဘုတ်လူမူကွန်ရက်တွင် အမည်းရောင်ပရိုဖိုင်ပြောင်းလဲရုံဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်မှုခံရခြင်းက ပြည်တွင်းသတင်းစာလွတ်လပ်ခွင့်အဆိုးရွားဆုံးအခြေအနေကို ပြသနေခြင်းဖြစ်ကြောင်း သတင်းထောက်တစ်ဦးက ပြောသည်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူဇာတိဖြစ်သော ဦးကျော်မင်းဆွေသည် ကန့်ဘလူမြို့နယ် ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးသူငယ်၊ အမျိုးသမီးများနှင့် အရပ်သားပြည်သူ ရာနှင့်ချီသေဆုံးမှုဖြစ်ပွားခဲ့သည့် ဧပြီ ၁၁ ရက်တွင် ၎င်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင် ဝမ်းနည်းခြင်းအဖြစ် အမည်းရောင်ပရိုဖိုင် ပြောင်းလဲခဲ့သည်။ ထိုသို့ပြောင်းလဲရုံဖြင့် အာဏာသိမ်းစစ်ကောင်စီက ဦးကျော်မင်းဆွေကို မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခဲ့ကာ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သော ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းဌာန ၉ ခုထက်မနည်း ပိတ်သိမ်းခံခဲ့ရပြီး သတင်းသမား ၁၅၀ ကျော် မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည်။ ထို့အပြင် သတင်းသမား ၃ ဦးသတ်ဖြတ်ခံခဲ့ရကာ လက်ရှိအချိန်အထိ သတင်းသမား ၇၀ ခန့် ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။