Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ၊ နယ်ခြားရွာရှိစစ်တပ်နှင့်ပျူစခန်းကိုPDFများတိုက်ခိုက်

PDFမဟာမိတ်အဖွဲ့များသည်မေလ ၇ ရက်နေ့ကလည်းမြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ရှိ မြို့သာရဲစခန်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်။

(တိုက်ပွဲတစ်ခုတွင် Myingyan Rangerအဖွဲ့မှ တပ်ဖွဲ့ဝင်အချို့ တိုက်ပွဲဝင်​နေစဥ်။ဓာတ်ပုံ-Myingyan Ranger)
(တိုက်ပွဲတစ်ခုတွင် Myingyan Rangerအဖွဲ့မှ တပ်ဖွဲ့ဝင်အချို့ တိုက်ပွဲဝင်​နေစဥ်။ဓာတ်ပုံ-Myingyan Ranger)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နယ်ခြားရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစခန်းကို PDFမဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့​ကြောင်း မြင်းခြံခရိုင်တပ်ရင်း၂၊ တပ်ခွဲ၃ Myingyan Rangerအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့်မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက မြင်းခြံမြို့နယ်၊ နယ်ခြားကျေးရွာရှိ စစ်ကောင်စီတပ်အထိုင်စခန်းအားPDF မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။မဟာမိတ်တပ်ပေါင်းစုများက စခန်းတွင်းအထိ ဝင်ရောက်နိုင်ခဲ့သော်လည်း ရာသီဥတုဆိုးရွားလာ၍ စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ ရကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့်ပျူများဘက်က ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိကြောင်း၎င်းက ဆိုသည်။ စစ်သားနှင့်ပျူ ၅ ဦး​သေဆုံးမှုကို သတင်း​ပေးမှတစ်ဆင့်အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု တာဝန်ခံကဆက်​ပြောသည်။သို့​သော် စစ်သားနှင့်ပျူများ​သေဆုံးမှုကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

“စခန်းထဲအထိ​တော့​ကျွန်​တော်တို့ထိုး​ဖောက်နိုင်ခဲ့တယ်ဗျ ။ ဒါ​ပေမယ့်ရာသီဥတုအ​ခြေအ​နေဆိုးဝါးပြီး​တော့ ​ရှေ့ဆက်မတက်နိုင်​တော့ပဲ ပြန်ဆုတ်ခဲ့ရတာဗျ။ အလက်(​သေနတ်)​တွေ က​တော့မသိမ်းနိုင်ခဲ့ဘူး ။စခန်းကိုအပြီးမသိမ်းနိုင်ခဲ့ဘူး​ပဲ​ပြောရမှာ​ပေါ့ဗျ “ဟု ပြန်ကြား​ရေးတာဝန်ခံက People’s Spring သို့​ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးအား Myingyan Ranger(မြင်းခြံခရိုင်တပ်ရင်း၂၊ တပ်ခွဲ၃)၊ PDF Taloke (မြင်းခြံခရိုင် တပ်ရင်း၂၊ တပ်ခွဲ ၁)၊ BGF Myingyan၊ မြင်းခြံခရိုင် တပ်ရင်း ၃၊ MGN 35၊ MDY PDF၊ Moblie PDF၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ YSO-ISA၊ ကျေးရွာတပ်ပေါင်းစု-မြောင်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။တိုက်ပွဲတွင် မဟာမိတ်အဖွဲ့များဘက်မှအထိအခိုက်မရှိကြောင်း အသိပေးထားသည်။

PDFမဟာမိတ်အဖွဲ့များသည်မေလ ၇ ရက်နေ့ကလည်းမြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ရှိ မြို့သာရဲစခန်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။