Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီတိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်း၊ လက်နက်ကြီးပစ်ကူဖြင့် တိုက်ခိုက်

မြ၀တီ လက်ခတ်တောင်၊ ကျောက်မိုင်းဒေသတို့၌ မေလ ၁၁ရက်မှ တိုက်ပွဲစတင်ခဲ့ပြီး မေလ ၁၇ရက် တိုက်ပွဲတွင် လေကြောင်းပစ်ကူ သုံးကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

(မြဝတီမြို့နယ် မေလ ၁၇ရက်တိုက်ပွဲတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(မြဝတီမြို့နယ် မေလ ၁၇ရက်တိုက်ပွဲတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

▪️စစ်ကောင်စီတပ်ထံမှ လက်နက် တစ်လက်နှင့် ကျည်၊ ခဲယမ်းများသိမ်းဆည်းရရှိဟု ကော်ဘရာ အသိပေး

ကရင်ပြည်နယ် မြ၀တီမြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ အဆက်မပြတ် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

မြ၀တီ လက်ခတ်တောင်၊ ကျောက်မိုင်းဒေသတို့၌ မေလ ၁၁ရက်မှ တိုက်ပွဲစတင်ခဲ့ပြီး မေလ ၁၇ရက် တိုက်ပွဲတွင် လေကြောင်းပစ်ကူ သုံးကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ် သော တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း (၁)၊ ကျားသစ်နက်၊Golden Eagle၊ Federal Wings တို့ လုံခြုံရေးယူထားသော နယ်မြေအား စစ်ကြောင်းထိုးတက်လာရာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ရန်သူ့ဘက်က ထိခိုက်သေဆုံးအား စိစစ်ဆဲဖြစ်ကြောင်း ကော်ဘရာက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ထံမှ MA1 (၁)လက်၊ MA ကျည်ဘောက် (၅)ခု၊ ကပစကျည် (၁၀၅)တောင့်၊ အီနာဂါ (၁)လုံး၊ 60mm (၃)လုံးတို့အား သိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကော်ဘရာ စစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်ကလည်း အဆိုပါ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှု ရုပ်သံမှတ်တမ်းကို ဖော်ပြခဲ့ရာ “ကင်းသွားထောက်ခိုင်းတာကို မြွေဟောက်တွေမြင်ပြီး အကုန်ထားပြေးသွားပြီ။ ဘာပဲဖြစ်ဖြစ် အရောက်လာပို့ပေးတာ ကျေးဇူးတင်ရမယ်” ဟု လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှုကို အသိပေးထားသည်။

“ဟုတ်တာပေါ့ ဒီကောင်တပ်ပြေးပဲဖြစ်မယ်” “ဒီကောင့်နာမည်ပါပါတယ်။ ခင်မောင်ဝင်း”၊ “အီနာဂါ၊ ၆၀ တွေရော လာပို့တာအရောက်လာပို့တာ ဒီကောင်”ဟု ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ၏ ပြောကြားချက်ကို ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။

ယမန်နေ့တိုက်ပွဲ၌ ကော်ဘရာစစ်သည်များနှင့် ပူးပေါင်းတပ်ဖွဲ့က ထိခိုက်မှုမရှိခဲ့ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။