Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့တွင် ပညာရေးမှူးရုံးနှင့် စစ်အုပ်စု လက်ဖက်ရည်ဆိုင်ထိုင်နေချိန် ဗုံးပစ်သွင်း တိုက်ခိုက်

မတ္တရာမြို့နယ်သည် မန္တ​လေးတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်မှုအားကောင်းရာနယ်တစ်ခုဖြစ်ပြီး ကျေးရွာအများအပြားလည်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုခံထားရသည်။

(အသုံးပြုတိုက်ခိုက်ခဲ့သော လက်ပစ်ဗုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-Unicorn)
(အသုံးပြုတိုက်ခိုက်ခဲ့သော လက်ပစ်ဗုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-Unicorn)

မန္တလေးတိုင်း၊ မတ္တရာမြို့တွင် ပညာရေးမှူးရုံးနှင့် စစ်အုပ်စု လက်ဖက်ရည်ဆိုင်၌ ထိုင်နေချိန်လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့ (မေလ ၂၉ ရက်)နံနက် ၁၁ နာရီခန့်က မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ လက်ဖက်ရည်ဆိုင်၌ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများထိုင်နေချိန် လက်ပစ်ဗုံးဖြင့် ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ မြို့နယ်ပညာရေးမှူးရုံးကိုလည်း လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ့်တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“မတ္တရာမြို့ပေါ် ထွေအုပ်ရုံးရှေ့က စစ်အုပ်စုတွေ အမြဲထိုင်နေကျ အဝေရာ လက်ဖက်ရည်ဆိုင်နဲ့ ပညာရေးမှူးရုံးကို လက်ပစ် သံပုရာသီးနဲ့ ထုပြီးတိုက်ခိုက်ခဲ့တာပါ။ လက်ဖက်ရည်ဆိုင်က

တခြားပြည်သူတွေ မထိုင်ရဲတော့ပါဘူး။ အဲ့ကောင်တွေ ထိုင်တာပါ။နှစ်နေရာလုံး ကွဲပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဦးသေဆုံးတယ်လို့ သိရပေမယ့် အတည်မပြုနိုင်ပါဘူး”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့သို့ တိုက်ခိုက်ခံရပြီးနောက် မတ္တရာမြို့ခံတစ်ဦးက”လမ်းတွေပိတ်ပြီး စစ်ဆေးရေး တအားကြပ်တယ်။ တနေကုန်လုံး”ဟု ပြောသည်။

မတ္တရာမြို့နယ်သည် မန္တ​လေးတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်မှုအားကောင်းရာနယ်တစ်ခုဖြစ်ပြီး ကျေးရွာအများအပြားလည်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။