Connect with us

Hi, what are you looking for?

သတင်း

စေတုတ္တရာတွင် စစ်တပ်စစ်ကြောင်းနှင့် စစ်ဆေးရေးဂိတ်တစ်ခု တိုက်ခိုက်ခံရပြီး ၅ ဦးသေဟု PRA ပြော

မေ ၂၃ ရက်က စေတုတ္တရာနယ် မဏ္ဍိပ်ကိုင်ကျေးရွာအနီးသို့ရောက်ရှိလာသော စစ်ကောင်စီတပ်စစ် ကြောင်းကို PRA-Magway နှင့် Z-Fighter အဖွဲ့တို့ပူးပေါင်းပြီး ယင်းနေ့နံနက် ၁၁ နာရီတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသောလက်နက်နှင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သော စစ်တပ်စစ်ဆေးရေးဂိတ်နေရာ ပြ​မြေပုံ ။ ဓါတ်ပုံ-PRA-Magway)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသောလက်နက်နှင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သော စစ်တပ်စစ်ဆေးရေးဂိတ်နေရာ ပြ​မြေပုံ ။ ဓါတ်ပုံ-PRA-Magway)

မကွေးတိုင်း စေတုတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် စစ်ဆေးရေးဂိတ်တစ်ခုကို တစ်ရက်တည်းတွင် နှစ်ဖွဲ့ခွဲ၍ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA Magway မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေ ၂၃ ရက်က စေတုတ္တရာနယ် မဏ္ဍိပ်ကိုင်ကျေးရွာအနီးသို့ရောက်ရှိလာသော စစ်ကောင်စီတပ်စစ် ကြောင်းကို PRA-Magway နှင့် Z-Fighter အဖွဲ့တို့ပူးပေါင်းပြီး ယင်းနေ့နံနက် ၁၁ နာရီတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“အင်အားကတော့ဆိုင်ကယ် ၁၂ စီးနဲ့ ၂၄ ယောက်ပါပါတယ်။ ဆိုင်ကယ်တွေက ခွဲပြီးတော့ လာတော့ ပထမဆုံးမိုင်းကွင်းထဲဝင်လာတဲ့ ဆိုင်ကယ် ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ပြီး ၁၅ မိနစ်လောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်”ဟု PRA-Magway မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြော သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသောလက်နက်နှင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သော စစ်တပ်စစ်ဆေးရေးဂိတ်နေရာ ပြ​မြေပုံ ။ ဓါတ်ပုံ-PRA-Magway)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသောလက်နက်နှင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သော စစ်တပ်စစ်ဆေးရေးဂိတ်နေရာ ပြ​မြေပုံ ။ ဓါတ်ပုံ-PRA-Magway)

ထို့နောက် ကျသွားသည့် ရန်သူ့ထံမှ လက်နက်သွားကောက်စဉ် နောက်မှာကျန်နေသော ရန်သူ့တပ်များရောက်လာပြီး ၄၀ မမ အပါအဝင် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ရာလက်နက်အင်အားမမျှသဖြင့်ပူးပေါင်းတပ်များပြန်လည်ဆုတ်ခွာခဲ့ရပြီး တော် လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု ၎င်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ၃ ဦးသေ၊ ၄ ဦးဒဏ်ရာရသွားကာ ရန်သူ့ထံမှ သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း PRA-Magway က အသိပေးသည်။

အလားတူ ယင်းနေ့(မေ ၂၃)၌ပင် စေတုတ္တရာနယ် ကျွန်းတောလမ်းထိပ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို မင်းဘူးခရိုင် တပ်ရင်း ၁ PDF စလင်းမှ ရဲဘော်များက အဝေးပစ်ဒုံးများဖြင့် သွားရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂ ဦးသေဆုံးသွားသည်ဟု ဆိုသည်။

အထက်ပါစစ်ဆင်ရေးများကို မဟာမိတ်တပ်ဖွဲ့များညှိနှိုင်းပြီး ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသလွတ်မြောက်ရေးအတွက် မဟာဗျူဟာမြောက် တပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PRA-Magway က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

Facebook