Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီကွေဒေါထောင်မှာ ထောင်တွင်း ရန်ပွဲတွေကြောင့် လူ ၁၀၀ ကျော်သေ

စက်တင်ဘာ ၂၈ ရက်က ဂိုင်ယာကွေးလ်မြို့က အကျဉ်းထောင်ထဲမှာ ပြိုင်ဘက် ဒုစရိုက် ဂိုဏ်းသားတွေ အချင်းချင်း ရန်ပြု တိုက်ခိုက်ခဲ့ကြတာပါ။ မူလက အကျဉ်းသား အရေအတွက် ဒါဇင်တချို့ သေဆုံးတယ်လို့ပဲ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

အီကွေဒေါ နိုင်ငံမှာ အကျဉ်းထောင် တစ်ခုထဲ ဖြစ်ပွားတဲ့ ရန်ပွဲတွေကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာ ၂၈ ရက်က ဂိုင်ယာကွေးလ်မြို့က အကျဉ်းထောင်ထဲမှာ ပြိုင်ဘက် ဒုစရိုက် ဂိုဏ်းသားတွေ အချင်းချင်း ရန်ပြု တိုက်ခိုက်ခဲ့ကြတာပါ။ မူလက အကျဉ်းသား အရေအတွက် ဒါဇင်တချို့ သေဆုံးတယ်လို့ပဲ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ လောလောဆယ်မှာတော့ သေဆုံးသူ အနည်းဆုံး ၁၁၆ ဦးထိ များပြားလာသလို ဒဏ်ရာ အပြင်းအထန်နဲ့ ဆေးရုံ ရောက်နေသူတွေလည်း ရှိနေပါသေးတယ်။ သေဆုံးသူတွေထဲမှာ ခေါင်းဖြတ် အသတ်ခံခဲ့ရတာ ၅ ဦးထက်မနည်း ပါဝင်ပါတယ်။

အကျဉ်းသား တချို့ဟာ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့သလို လက်ပစ်ဗုံးတွေပါ သုံးစွဲခဲ့တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ဖော်စတို ဘွန်နာနိုက ပြောပါတယ်။ ထောင်ထဲကို လက်နက်တွေ ဘယ်လို ဘယ်ပုံ ရောက်ရှိနေသလဲ ဆိုတာကို ရဲတွေက စုံစမ်းနေဆဲပါ။

Public Service Announcement

Public Service Announcement

အကျဉ်းထောင်ထဲက ဆူပူမှုတွေကို ချိုးနှိမ် ထိန်းချုပ်ဖို့ ရဲတပ်ဖွဲ့ဝင် ၄၀၀ ကျော်လောက်ကို အသုံးပြုခဲ့ရပါတယ်။ အဲဒီ ထောင်ထဲမှာ နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခို ကွန်ရက်မှာ လှုပ်ရှားနေတဲ့ ရာဇဝတ် ဂိုဏ်းသားတွေကိုပါ အကျဉ်းချထားတာ ဖြစ်ပါတယ်။

ထောင်ထဲက အခြေအနေတွေဟာ မမြင်ဝံ့စရာ ဖြစ်ခဲ့တယ်လို့ အီကွေဒေါ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဘိုလီဗာ ဂါဇုန်က ပြောပါတယ်။ တောင်အမေရိက ဒေသတွင်း နိုင်ငံမှာ ထောင်ဆူမှုတွေ၊ ထောင်တွင်း ရန်ပွဲတွေကြောင့် လူတွေ အများအပြား သေဆုံးတဲ့ သတင်းမျိုးက သိပ်တော့ မစိမ်းလှပါဘူး။

အခုနှစ်၊ ဖေဖော်ဝါရီလမှာတင် အကျဉ်းသား အချင်းချင်း ရန်ပြု သတ်ဖြတ်လို့ ၇၉ ဦး သေဆုံးတဲ့ ဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ဖူးပါတယ်။ အခုနောက်ဆုံး ပြဿနာ ဖြစ်ခဲ့တဲ့ လီတိုရဲလ် အကျဉ်းထောင်ဟာ ဘိုလီးဗီးယားမှာ အန္တရာယ် အရှိဆုံးလို့ နာမည်ဆိုး ထွက်နေတဲ့ ထောင်ကြီး ဖြစ်ပါတယ်။

အီကွေဒေါ သမ္မတ ဂွိုင်လာမို လက်ဆိုက နိုင်ငံရဲ့ အကျဉ်းထောင်တွေ စီမံကွပ်ကဲမှု ကဏ္ဍမှာ အရေးပေါ် အခြေအနေ ကြေညာပြီး ကြပ်မတ်ဖို့ လိုနေကြောင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံရဲ့ အကျဉ်းသား အရေအတွက်ဟာ ထောင်တွေမှာ ဝင်ဆံ့တဲ့ ပမာဏထက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက် ပိုများနေတယ်လို့လည်း သမ္မတက ဝန်ခံသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။

သတင်း

ထိုင်း -မြန်မာနယ်စပ်မြို့၊ဘုရားသုံးဆူဒေသမှာတည်ရှိတဲ့ကရင်အမျိုး သားအစည်းအရုံး(KNU) ရဲ့အကျဉ်းထောင်ကနေပြီးခဲ့တဲ့ရက်ပိုင်း ဇူလိုင် လ ၁ ရက်ကအကျဉ်းသားခြောက်ဦးအကျဉ်းထောင်လုံခြုံရေးအစောင့်တွေဆီကနေလက်နက်တွေလုယူပြီးထွက်ပြေးသွားကြတယ်လို့ KNU တပ်မဟာ(၆)နဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ဆီကသိရပါတယ်။

နိုင်ငံတကာ

ကနေဒါလိုပဲ ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် အသင်းတစ်သင်းဖြစ်တဲ့ မက္ကဆီကိုဟာလည်း ၁၆ သင်း ရှုံးထွက်အဆင့်ကို အောင်အောင်မြင်မြင် တက်ရောက်သွားခဲ့ပါတယ်။ မက္ကဆီကိုဟာ မြို့တော် မက္ကဆီကို စီးတီးမှာ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ အီကွေဒေါ အသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။