Connect with us

Hi, what are you looking for?

သတင်း

အရာတော်ရှိ စစ်သားစုဆောင်းရေးတပ်ကို ​ဒေသကာကွယ်​ရေးတပ်ကနှစ်ကြိမ်မြောက်သွားရောက်ပစ်ခတ်တိုက်ခိုက်

ဇူလိုင်လ( ၉ )ရက်နေ့ ညနေ ( ၄ ) နာရီခွဲခန့်က အရာတော်မြို့အခြေစိုက် အမှတ်( ၁၀) စစ်သားစုဆောင်းရေးတပ်အား​ ဒေသတွင်းတော်လှန်ရေးအင်အားစုများကလက်လုပ်(၁၀၇)မမဖြင့်သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(အရာတော်မြို့အခြေစိုက် အမှတ်( ၁၀) စစ်သားစုဆောင်းရေးတပ်အား​ဒေသခံ​တော်လှန်​ရေးအဖွဲ့များက လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်စဥ်။ ဓါတ်ပုံ-DFLPDF)
(အရာတော်မြို့အခြေစိုက် အမှတ်( ၁၀) စစ်သားစုဆောင်းရေးတပ်အား​ဒေသခံ​တော်လှန်​ရေးအဖွဲ့များက လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်စဥ်။ ဓါတ်ပုံ-DFLPDF)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ စစ်သားစုဆောင်းရေးတပ်ကို ၅ ရက်အတွင်းနှစ်ကြိမ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇူလိုင်လ( ၉ )ရက်နေ့ ညနေ ( ၄ ) နာရီခွဲခန့်က အရာတော်မြို့အခြေစိုက် အမှတ်( ၁၀) စစ်သားစုဆောင်းရေးတပ်အား​ ဒေသတွင်းတော်လှန်ရေးအင်အားစုများကလက်လုပ်(၁၀၇)မမဖြင့်သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မကြာခဏ စစ်ကြောင်းထိုးနေလို့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။”ဟုပြန်ကြားရေးတာဝန်ခံကပြောသည်။

မြေပြင်ကင်းထောက်များ၏ သတင်းပို့ချက်အရ စစ်အုပ်စု၏ ကတုတ်ကျင်းကင်းတဲဘေးသို့ကျရောက်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိသည်ဟု အထက်ပါ တာဝန်ခံကဆိုသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ် ​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။

စစ်ကောင်စီဘက်ကလည်း ပစ်ခတ်ခံရပြီး​နောက် လက်နက်ကြီးငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိကြောင်း တော်လှန်ရေးရဲဘော်များကပြောသည်။

ထိုစစ်ဆင်ရေးကို အမှတ်(၁)စစ်ဒေသ ၊ မုံရွာခရိုင်ကွပ်ကဲရေးမှူး ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် Danger Force LPDF နှင့် မုံရွာခရိုင်တပ်ရင်း( ၆ ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုအပြင် ဇူလိုင်လ( ၅)ရက်နေ့ နံနက် ( ၄ ) နာရီခွဲခန့်ကလည်း ထိုစစ်သားစုဆောင်းရေးတပ် ( အရပ်ခေါ် အရှေ့တပ်)ကိုပင် Danger Force LPDF အဖွဲ့နှင့် မဟာမိတ်အဖွဲ့များက ၁၀၇ မမ ၊ ၈၀ မမ ၊ ၆၀ မမ လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုအထိအခိုက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ကျူးလွန်သူက ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်ခဲ့ပြီးနောက်ပိုင်း စိတ်ကစဉ့်ကလျားဖြစ်နေသူဟု သတင်းထွက်

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၁ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်နြပ်ပါတယ်။