Connect with us

Hi, what are you looking for?

သတင်း

စစ်ရှောင်ကာလ နှစ် လနီးပါး ရှိလာ၍ ဆားလင်းကြီးနယ် စစ်ဘေးရှောင်များ စားနပ်ရိက္ခာများလိုအပ်လာ

“စစ်ရှောင်ရတာ နှစ်လနီးပါးကြာမြင့်ခဲ့ပြီဖြစ်တဲ့အတွက် စားနပ်ရိက္ခာနဲ့ အလှူရှင်များလည်း နည်းလာတယ်။”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောသည်။

(စစ်ရှောင်များအား ကူညီလှူဒါန်းပေးနေစဥ်။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း/အညာပစ်တိုင်းထောင်လေးများ)
(စစ်ရှောင်များအား ကူညီလှူဒါန်းပေးနေစဥ်။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း/အညာပစ်တိုင်းထောင်လေးများ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာတဝိုက်မှပြည်သူများ စစ်ရှောင်ကာလ နှစ်လ နီးပါးရှိလာ၍ စားနပ်ရိက္ခါများလိုအပ်​လာကြောင်း ဒေသတွင်း စစ်​ဘေးရှောင်များကိုကူညီနေသူများက ပြောသည်။

ညောင်ပင်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လဆန်းပိုင်းမှစ၍ စစ်ကြောင်းထိုးမီးရှို့ခဲ့သောကြောင့် အနီးတဝိုက်ကျေးရွာများပါ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။လက်တလောစစ်အုပ်စုက ညောင်ပင်ကြီး၌ ရှိနေပြီး ​နေအိမ်များကိုဆက်တိုက်မီးရှို့အကြမ်းဖက်​နေ​သော​ကြောင့်​ဒေသခံပြည်သူများမှာ ပြန်မဝင်နိုင်သေးကြောင်း စားနပ်ရိက္ခာအခက်အခဲတွေ့လာကြောင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။

(စစ်ရှောင်များအား ကူညီလှူဒါန်းပေးနေစဥ်။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း/အညာပစ်တိုင်းထောင်လေးများ)
(စစ်ရှောင်များအား ကူညီလှူဒါန်းပေးနေစဥ်။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း/အညာပစ်တိုင်းထောင်လေးများ)

“ပြန်လို့မရတဲ့အခြေအနေတွေမှာရှိနေတာ။ ဆားလင်းကြီး ၆ရွာလောက်တော့ရှိမယ်။ နေရာအသီးသီးမှာရှောင်နေကြရတာ။”ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ ကိုအောင်ခန့်ဇော်က ပြောသည်။

Public Service Announcement
Public Service Announcement

ညောင်ပင်ကြီးတဝိုက်ရှိ စစ်ရှောင်နေရသော ပြည်သူများအနက် မီးဘေးသင့်အိမ်ထောင်စု ၇၀ ကျော်အတွက် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ ဆန်နှင့်ငါးသေတ္တာများအားလည်းကောင်း၊ စစ်ရှောင်စခန်းနှစ်ခုအတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆန်၊ဆီနှင့် ကုန်စိမ်းများအားလည်းကောင်း လှူဒါန်းပေးခဲ့သည်။

Public Service Announcement

Public Service Announcement

(စစ်ရှောင်များအား ကူညီလှူဒါန်းပေးနေစဥ်။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း/အညာပစ်တိုင်းထောင်လေးများ)
(စစ်ရှောင်များအား ကူညီလှူဒါန်းပေးနေစဥ်။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း/အညာပစ်တိုင်းထောင်လေးများ)

“စစ်ရှောင်ရတာ နှစ်လနီးပါးကြာမြင့်ခဲ့ပြီဖြစ်တဲ့အတွက် စားနပ်ရိက္ခာနဲ့ အလှူရှင်များလည်း နည်းလာတယ်။”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောသည်။

ထိုပြည်သူများအတွက် စားနပ်ရိက္ခါများ ကူညီလှူဒါန်းပေးကြရန် စစ်ရှောင်ကူညီနေသူများက မေတ္တာရပ်ခံသည်။

(စစ်ရှောင်များအား ကူညီလှူဒါန်းပေးနေစဥ်။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း/အညာပစ်တိုင်းထောင်လေးများ)
(စစ်ရှောင်များအား ကူညီလှူဒါန်းပေးနေစဥ်။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း/အညာပစ်တိုင်းထောင်လေးများ)

ဇွန်လ ၉ ရက်နေ့တွင် ညောင်ပင်ကြီးရွာရှိ စစ်​ကောင်စီရဲစခန်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်မှ ​သေဆုံးထိခိုက်မှုများပြီးလက်နက်ခဲယမ်းများလည်း အသိမ်းခံခဲ့ရသည်။စစ်တပ်ကအထိနာ၍စစ်တပ်ဘက်က လေကြောင်းဖြင့်ပါ ပစ်ခတ်ခဲ့၍ ပြည်သူအချို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ထို့နောက် စစ်အုပ်စုက မီးရှို့၍ ညောင်ပင်ကြီးရွာအပါအဝင်း အနီးဝန်းကျင်ရှိ​ကျေးရွာများကိုဆက်တိုက်မီးရှို့ခဲ့သဖြင့် အိမ်ခြေ ၇၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ညောင်ပင်ကြီးအပါအဝင် ကျေးရွာ ၆ ရွာက လူဦးရေ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။