Connect with us

Hi, what are you looking for?

သတင်း

ငွေလိမ်ဂိုဏ်းမှာ လုပ်ကိုင်ဖို့ ဖြားယောင်းခံရသူ နိုင်ငံသား ၁၂၀ ဦးကို ထိုင်းအစိုးရပြန်ခေါ်

လောက်ကိုင်မြို့ဟာ တရုတ် နယ်စပ်အနီးမှာတည်ရှိပြီး စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်အဖွဲ့က ထိန်းချုပ်ထားပြီး တရားမဝင် လောင်းကစားဝိုင်းတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။

တရုတ်နယ်စပ်အနီးက လောက်ကိုင်မြို့
တရုတ်နယ်စပ်အနီးက လောက်ကိုင်မြို့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ မှာရှိတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်ဖို့ ဖြားယောင်းခံရတဲ့ ထိုင်းနိုင်ငံသား ၁၂၀ ဦးကို နေရပ်ပြန်ခေါ်နိုင်ဖို့ထိုင်းအာဏာပိုင်တွေစီစဉ်နေတယ်လို့ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြပါတယ်။

ထိုင်းအမျိုးသား ၉၀ ဦး ၊ ထိုင်းအမျိုးသမီး ၃၀ ဦး တို့ဟာ တရုတ် − မြန်မာ နယ်စပ် လောက်ကိုင်မြို့က ငွေလိမ်ဂိုဏ်းတွေ ထံအလုပ်လုပ်ဖို့ ဖြားယောင်းခံရ ပြီး သားကောင်တွေ ဖြစ်ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်ကဆိုပါတယ်။

သူတို့တွေကို လောက်ကိုင်ကနေ ဘေးကင်းကင်း ခေါ်ထုတ်နိုင်ဖို့အတွက် စစ်ကောင်စီ နိုင်ငံခြားရေးဌာန ၊ လောက်ကိုင် လဝက နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ရတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံအမတ်က ပြောပါတယ်။

လက်ရှိမှာ လောက်ကိုင်မြို့ကနေ ထိုင်းနိုင်ငံသား ၁၂၀ ဦးကို ခေါ်ထုတ်နိုင်ခဲ့ပြီး မြန်မာစစ်ကောင်စီတပ်က အစားအသောက်နဲ့နေထိုင်ရေးစီစဉ်ပေးထားတာကို ရန်ကုန်မြို့ ထိုင်းသံရုံးကအတည်ပြုတယ်လို့ ဘန်ကောက်ပို့စ်ကရေးသားပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် နေရပ်ပြန်ပို့ရေးအတွက် စစ်ကောင်စီနဲ့ ထိုင်းသံရုံးတို့ စီစဉ်နေကြပါတယ်။

လောက်ကိုင်မြို့ဟာ တရုတ် နယ်စပ်အနီးမှာတည်ရှိပြီး စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်အဖွဲ့က ထိန်းချုပ်ထားပြီး တရားမဝင် လောင်းကစားဝိုင်းတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။