Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြေပြင်ထိုးစစ်အတွက် အဆင်သင့် ဖြစ်နေပေမယ့် စတင်မယ့်နေ့ကို ထုတ်ပြောဖို့ အစ္စရေး ဝန်ကြီးချုပ် ငြင်းဆို

မြေပြင်ထိုးစစ် အစီအမံတွေနဲ့ ပတ်သက်ပြီး အစ္စရေး အစိုးရနဲ့ စစ်တပ်ကြား သဘောထား ကွဲလွဲမှုတွေ ရှိနေကြောင်း ကောလာဟလတချို့ ထွက်ပေါ်နေပေမယ့် နေတန်ယာဟုကတော့ အာဏာပိုင် ပုဂ္ဂိုလ်တွေ အားလုံးကြားမှာ တစိတ်တဝှမ်းတည်း ရှိနှင့်နေကြောင်း ပြောကြားခဲ့ပါတယ်။

မြေပြင်ထိုးစစ်အတွက် အဆင်သင့် ဖြစ်နေပေမယ့် စတင်မယ့်နေ့ကို ထုတ်ပြောဖို့ အစ္စရေး ဝန်ကြီးချုပ် ငြင်းဆို
မြေပြင်ထိုးစစ်အတွက် အဆင်သင့် ဖြစ်နေပေမယ့် စတင်မယ့်နေ့ကို ထုတ်ပြောဖို့ အစ္စရေး ဝန်ကြီးချုပ် ငြင်းဆို

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သူ့ရဲ့ စစ်တပ်တွေဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာ မြေပြင်ထိုးစစ် အလုံးအရင်း ဆင်နွှဲဖို့ အသင့်ရှိနေပြီလို့ ပြောကြားခဲ့ပေမယ့် ဘယ်နေ့လဲ ဆိုတာကိုတော့ ထုတ်ပြန်မသွားခဲ့ပါဘူး။

နေတန်ညာဟုက အောက်တိုဘာ ၇ ရက်မှာ ဟားမားစ် ပြောက်ကျားတွေရဲ့ ကျူးကျော်စစ်ပြုမှုကို ခံရကတည်းက အစ္စရေးဟာ မြေပြင်ထိုးစစ်အတွက် စုစည်း ပြင်ဆင်နေခဲ့ပြီး အခုအခါ အင်ပြည့်အားပြည့် အခြေအနေမျိုးထိ ရောက်ရှိလာပြီလို့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောကြားသွားခဲ့ပါတယ်။

ဟားမားစ်တွေက အစ္စရေးရဲ့ အချုပ်အခြာ အာဏာကို လွယ်လွယ်ကူကူ ထိပါးနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး သူအပါအဝင် တာဝန်ရှိသူ အားလုံးဟာ တိတိကျကျ ဖြေရှင်းဖို့၊ တာဝန်ယူဖို့ လိုကြောင်း၊ ဒါပေမဲ့ အဲဒီကိစ္စကို စစ်ပွဲပြီးမှ ဆုံးဖြတ်ရမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။

မြေပြင်ထိုးစစ် အစီအမံတွေနဲ့ ပတ်သက်ပြီး အစ္စရေး အစိုးရနဲ့ စစ်တပ်ကြား သဘောထား ကွဲလွဲမှုတွေ ရှိနေကြောင်း ကောလာဟလတချို့ ထွက်ပေါ်နေပေမယ့် နေတန်ယာဟုကတော့ အာဏာပိုင် ပုဂ္ဂိုလ်တွေ အားလုံးကြားမှာ တစိတ်တဝှမ်းတည်း ရှိနှင့်နေကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ အစီအမံတွေကိုတော့ အကျယ်တဝင့် ရှင်းလင်းနေမှာ မဟုတ်ကြောင်း၊ လောလောဆယ် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အကြမ်းဖက်သမား ထောင်ဂဏန်းလောက်ကို ရှင်းလင်းထားနိုင်ခဲ့ပြီး ဒီကိစ္စဟာ အစသာ ရှိသေးတာကို နားလည်သင့်ကြောင်းလည်း ခြိမ်းခြောက်သွားပါတယ်။

နောက်ပြီး ဂါဇာ မြောက်ပိုင်းမှာ နေထိုင်တဲ့ ပါလက်စတိုင်း ပြည်သူတွေ အနေနဲ့လည်း တောင်ပိုင်းကို အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ သူက ထပ်သတိပေးသွားပါတယ်။

ဟားမားစ်တွေက နယ်စပ်စည်းရိုးကို ကျော်ဖြတ်ပြီး အစ္စရေး မြို့ရွာတွေကို ဝင်ရောက်တိုက်ခိုက်မှုမှာ လူပေါင်း ၁၄၀၀ ကျော်လောက် သေဆုံးပြီး ၂၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားတာ ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အစ္စရေးရဲ့ ထောက်လှမ်းရေးဌာနနဲ့ လုံခြုံရေး အစီအမံတွေအပေါ် အကြီးအကျယ် ဝေဖန်ထိုးနှက်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ်နဲ့ လက်ဘနွန်နိုင်ငံ အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်တွေကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိသွားပြီလို့ အမေရိကန်က ကြေညာခဲ့ပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။